𝙊𝙑𝙀𝙍(Z)

285 9 2
                                    

Loveliness In Zürich

နာရီလက်တံ ခြောက်ချက်ထိုး﹒﹒
ဒီအချိန်က သူ့အချိန်။

စိမ်းပြာရောင် ကတ္တီပါခင်းကို ဖုံးကွယ်ထားတဲ့
မြူနှင်းတွေကို ရွှေအိုရောင် အလင်းတန်းက
ထိုးခွဲပေးတဲ့အခါ မနက်ခင်းရောက်﹒﹒
Zurichမြို့ကလေးဟာ တလှုပ်လှုပ်။

နွေဦးမှာ တိုက်ခတ်တဲ့ လေနုနွေးကလေး
မြို့ဟောင်းမြေကို သစ္စာရှိနေသလို
နေရောင်အောက်က သစ်ရွက်ကလေးတွေကို
ကျီစယ်သွားပုံက နူးညံ့လွန်းသည်။

ခပ်ဝေးဝေးက စိမ်းမြမြတောင်တန်းတွေ၊
မြို့အနားမှာပဲ ကပ်တွယ်နေတဲ့ စိမ်းပြာရောင်
Limmatမြစ်ကြောင့် Zurich မြို့ကလေး
နွေးထွေးနေပုံ၊ အဲ့ကစလို့ လမ်းကျိုလမ်းကြားကလေးတွေ၊
ပြီးတဲ့အခါ အထာကျကျ ဈေးဆိုင်တန်းကလေးတွေ၊
အရောင်ငြိမ်ငြိမ် ကျောက်ခင်းလမ်းကလေးတွေ﹒﹒
အရာအားလုံးဟာ နွေးထွေးမှု၌ နှစ်ခြိုက်လို့နေသလို၊
အသေးစိတ် ချဲ့ကြည့်တဲ့အခါ အမိုးခုံးအိမ်ပုကလေး၊
တစ်စုံတစ်ယောက် စွဲမြဲလှတဲ့ Earth Toneရှိတဲ့
အခန်းကလေးတွေနဲ့﹒﹒ထပ်ချဲ့ကြည့်ရအောင်။

အခန်းငယ်ထဲက သေးသေးနုပ်နုပ်ကောင်ကလေးကိုတောင်
နွေးထွေးမှုကြား ချော့သိပ်ထားနိုင်တဲ့အထိ
သဘာဝတရားကြီးဟာ မြတ်နိုးဖို့ကောင်းသည်။

မြောက်အရပ်က အိမ်ပြန်လာတဲ့
လေနွေးကလေးတွေ﹒﹒အေးမြမြ
အခန်းလေးထဲအရောက် အလိုက်သိစွာ
အိပ်နေသူကို အသာအယာကလေး
အပူမထိအောင် ထိတွေ့သွားသေးတာ။

Window Shutterကို ခွင့်တောင်းလာတဲ့
နေရောင်ပျပျဟာ ပတ္တမြားရောင်ပြေးနေတဲ့
အသားကြည်ကြည်ကလေးတွေအပေါ်
ဟိုတစ်ခြစ်ဒီတစ်ခြစ် ခြေရာဖွဖွလာနင်းသည်။

ကြည်ပြာရောင် ပိုးသားဝတ်စုံကလေးက
သေးသေးငယ်ငယ် ခန္ဓာကိုယ်ကလေးကို
တယုတယ ဖုံးဝှက်ထားတာကအစ ကြည့်မဝစရာ။

ဒီမြို့အရောက်မှာ အကောင်ကိုက်ခံလိုက်ရတဲ့
အသားကလေးတွေက ညအိပ်ဝတ်စုံကြားမှာ
အနီရောင် အကွက်ကလေးတွေ ဟိုတစ်စဒီတစ်စ﹒﹒
လည်တိုင်တစ်လျှောက် နီမြန်းနေတဲ့ အဲ့ဒီ
အကွက်ကလေးတွေက အဖြူရောင်မှိုပေါ်က
အနီကွက်ကလေးတွေနဲ့တောင် တူသည်။

"The Cloud 9" Where Is In Your Sick DimpleWhere stories live. Discover now