လှမ်းမျှော်ကြည့်လိုက်သည့် မျက်လုံးအစုံတို့ အဝေးတစ်နေရာထိ ရောက်နေခဲ့ပေမယ့် မြင်ကွင်းကတော့ အခုထိပျောက်ကွယ်မသွား။
မှိုင်းညို့ညို့ဖြစ်နေတဲ့ကောင်ကင်ကြီးရယ်
တဖြည်းဖြည်းတိုက်ခတ်နေတဲ့ လေပြည်တွေရယ်
သစ်ရွက်အချင်းချင်းရိုက်ခတ်နေတဲ့ အသံတွေရယ်
မျက်ရည်များစွာနဲ့အရူးတစ်ယောက်လို ငိုကြွေးနေသည့် လူတစ်ယောက်ရယ်
အရာအားလုံးက လှပစွာပင် ဖြစ်တည်နေမှုကြောင့် သူသည်လည်း ခံစားချက်မဲ့စွာ ငေးကြည့်နေမိသည်။"အရာအားလုံးပြောင်းလဲချင်လား"
ဘေးနားကနေ ရုတ်တရပ်ထွက်လာသည့် လူတစ်ယောက်ကြောင့် လန့်သွားပြီး ကြောင်တောင်တောင်နှင့်သာကြည့်နေမိသည်။
"ဟမ်"
"အရာအားလုံးပြောင်းလဲချင်လား"
စောတုန်းက စကားအတိုင်းပင် အေးစက်တည်ငြိမ်စွာပြောလာသည့် စကားသံတို့က ခြောက်ခြားဖွယ်ကောင်းလှသည်။
"ပြောင်းလဲချင်တယ်"
"တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရမှာမို့ မင်းအဆင်သင့်ဖြစ်ပြီလား"
ဝှစ်ခနဲသူ့ဘေးနားကနေ နားဘေးအထိ မျက်စိရှေ့မှာ လေအဟုန်လိုကပ်လာပြီး ပြောလာသည်ကြောင့် ကြောက်စိတ်တို့ကကြီးစိုးသွားသည်။၀တ်ရုံနက်တို့ ခြုံလွှမ်းထားသည့် အန်တီကြီးတစ်ယောက်သည် စောတုန်းကထက် ပိုကြောက်ဖို့ကောင်းလာသည်။
"ကျွန်တော် အသက်ကိုပေးရမှာလား?"
"ငါက ၀မ်းနည်းနာကျင်ရမှုတွေကိုပဲ ယူတာ"
လူတစ်ယောက်က အရူးတစ်ယောက်လို ငိုနေသည်ကို မျက်ရည်တစ်စက်မကျစွာ အဝေးကနေ ငေးကြည့်ဖို့က စိတ်ဓာတ်ခိုင်မာလွန်းနေသည်လား?
"ကျွန်တော် သဘောတူတယ်"
"မင်း သေချာပြီနော် မင်းအတွက် ဟိုလူပြန်ချစ်တာတစ်ခုကလွဲပြီး ကိုယ့်ကိုကိုယ်သတ်သေချင်လောက်အောင်ထိ ဖြစ်သွားအောင် ၀မ်းနည်းနာကျင်မှုတွေက ၀င်ရောက်လာလိမ့်မယ်"
အခုထိ တိတ်ဆိတ်နေတဲ့လမ်းမထက်မှာ အရူးတစ်ယောက်လိုငိုနေသည့် သူချစ်ရပါသော ထိုလူသားကိုလက်ညိုးထိုးကာ မေးလာသည်။မျက်လုံးထက်နာကျင်မှုတွေနဲ့ လေတွေအရှိန်ပြေးပြေး တိုက်ခက်နေမှုတွေနဲ့ ထိုလူကတော့ အခုထိ ထိုနေရာမှာပဲအရူးတစ်ယောက်လို ရှိနေသည်။မဟုတ်ဘူး တကယ့်ကို ရူးနေတာ။ဟွမ်ဟျွန်းဂျင်က တကယ့်ကို အရူးတစ်ယောက်။
YOU ARE READING
𝐅𝐚𝐭𝐞