အမဲရောင်၀တ်စုံအပြည့်နှင့်လူတွေသည် ၀င်လိုက်ထွက်လိုက်နှင့်ပန်းစီးတွေလည်းကိုင်ဆောင်ထားသေးသည်။၀မ်းနည်းခြင်းတွေနှင့်ပြည့်နှက်နေသည့် ဒီနေရာကိုတော့ မည်သူမျှ ကြိုက်နှစ်သက်မှာမဟုတ်တာတော့ သေချာသည်။
"သား အဆင်ပြေရဲ့လား"
အိမ်နီးချင်းအဒေါ်တစ်ယောက်က သူ့ပခုံးကိုလာထိန်းကိုင်ကာ မေးလာသည်ကြောင့် ခေါင်းသာညိတ်ပြလိုက်သည်။ခမ်းနားခြင်းမရှိသလို အမျိုးတွေတောင် မလာခဲ့နဲ့ ဒီဈာပနာပွဲက အသက်တို့မဲ့လွန်းလှသည်။
"ယုံးဘို့ ငါတို့ပြန်ကြရအောင်"
အသက်မဲ့စွာ ထိုင်နေသော သူ့ကို ဟျွန်းဂျင်က ကူတွဲရင်း ပြောလာသည်။သူ့ကိုယ်တိုင် ရွေးချယ်မှုက သူ့မိဘတွေကို ထိခိုက်မိသွားစေသည်မှာ အမှန်ပင်။ ရူးလောက်အောင် ခံစားချက်နှင့် မွန်းကြပ်လွန်းကာ ကိုယ့်ကိုတိုင် အပြစ်ရှိသလိုခံစားချက်က သူ့ကိုဆက်အသက်ရှင်စေမို့ တားမြစ်ထားသည့် အရာတစ်ခုလိုပင်။တွေးလေ မွန်းကြပ်လာသည်မို့ ကိုယ့်လည်ပင်းတို့ကိုဆုပ်ကိုင်ကာ ထိုအတွေးတွေထဲက ရုန်းထွက်နေမိသည်။
"ယုံးဘို့ ယုံးဘို့ လက်လွှတ်လိုက်လို့"
လက်ကိုအတင်းပြုတ်ချကာ တားနေသည့် သူချစ်ရသည့်လူသားအားလည်း မျက်လူံးထဲမမြင်တော့ ဒီလိုတွေကို လုပ်ယူခဲ့တာ ဟျွန်းဂျင် ကိုယ့်ကို ချစ်အောင်လုပ်ယူခဲ့မိသည့် အပြစ်ရဲ့ ပြစ်ဒဏ်ကား ကြီးမားလွန်းလှသည်။
"ယုံးဘို့ ယုံးဘို့"
အသက်ရှုကြပ်လာကာ မျက်လုံးတို့မမှိတ်ခင် ကြားလိုက်ရသည့် အသံက ဟျွန်းဂျင်ဆီမှ စိုးရိမ်တကြီးခေါ်နေသည့်အသံတစ်ခုသာ။
....
"တကယ်လို့ ရှေ့လျှောက် ဒီထက် ပိုခံစားရမယ်ဆိုရင်ရော မင်းခံနိုင်ရည် ရှိပါ့မလား ယုံးဘို့"
အသက်ရှုမ၀၍ အောက်စီဂျင် ပေးထားရသော ယုံးဘို့ဘေးနားထိုင်ကာ နားထောင်သူမရှိ ဟျွန်းဂျင်ထိုင်ပြောနေမိသည်။
"ဘာလို့ ဒီလိုရွေးချယ်မှုမျိုး လုပ်ခဲ့ရတာလဲ"
နူးညံတဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အတိတ်တို့ကို မြင်ယောင်ရင်း ခပ်တိုးတိုးဆိုမိသည်။
အရာရာပြောင်းလဲသွားခဲ့ပေမယ့် သူ့၏မှတ်ညဏ်များကတော့ မပြောင်းလဲခဲ့ပေ အစတည်းက သူယုံးဘို့ကို ချစ်နေခဲ့သည်ကြောင့်လား?။ဒီအရာရာကို အသုံးချသွားကာ လှည့်စားသွားခဲ့သည်က ထိုမဲနက်နေသည့် အရာကြီးတစ်ခုသာ။
ပြန်စဉ်းစားကြည့်လိုက်ချိန် အားလုံးက ကိုယ့်အပြစ်ကြီးပဲမို့ ယုံးဘို့ လက်ကိုသာ ပိုတိုးလို့ဆုပ်ကိုင်မိသည်။ထိုအချိန်တုန်းကသာ သတ္တိရှိစွာနဲ့ဖွင့်ပြောမှုလုပ်ခဲ့ရင် ယုံးဘို့ ထိုအရာကြီးနှင့် မတွေ့ခဲ့သလို ရွေးချယ်မှုလည်း လုပ်ခဲ့မှာမဟုတ်။အားလုံးက ကိုယ့်အပြစ်ချည်းသာမို့ ဆူံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
YOU ARE READING
𝐅𝐚𝐭𝐞