2

194 27 2
                                    

အဝေးဆုံးတစ်နေရာရှိ အရာအားလုံးကို မျှော်မှန်းကြည့်ရတာ ပင်ပန်းတယ်။အားလုံးကို လက်လွှတ်လိုက်ပြီ ထွက်ပြေးချင်ပေမယ့် အရှုံးသမားတစ်ယောက်လိုတော့ အဖြစ်မခံနိုင်။ကိုယ်ကိုတိုင် ရွေးချယ်ခဲ့တဲ့လမ်းကို ကိုယ်ကိုတိုင်ပဲ အဆုံးထိခါးစီးခံမည်။ဒါမှမဟုတ် ကိုယ့်ကိုတိုင်ပဲ အဆုံးသတ်ပစ်မည်။

"သား ကျောင်းမတက်တော့ဘူး Mom"

"အဲ့လိုလုပ်လို့မရဘူး ယုံးဘို့"

စိတ်ဆိုးစွာ အော်ဆူလာသော သူ့အမေအား သူစိတ်မဆိုးဖြစ်ပါ။

"သား အလုပ်ပဲလုပ်‌တော့မယ် Mom"

သူ့စကားဆုံးတော့ သူ့အမေက သက်ပြင်းငွေ့ငွေ့သာထပ်ချသည်။စိတ်မပါတော့သော ကျောင်းစာတွေကို အမေရဲ့ပင်ပန်းခံမှုနဲ့လုပ်နေမယ့်အစား ပိုက်ဆံရှာပြီး အမြန်ဆုံး အမေ့ကို ကောင်းကောင်းမွန်မွန်ထားချင်တယ်။

"ကျောင်းတော့ ပြီးအောင်ဆက်တက်ပါ သားရယ်"

ဆူတစ်လှည့် ခြောက်တစ်လှည့်နဲ့ ပြောနေသော အမေ့ကိုလည်း သနားသည်။သူ့သားကို ပညာတတ်ကြီးဖြစ်စေချင်တာ အ‌မေတစ်ယောက်ရဲ့ဆန္ဒပဲမလား။

"သား အမေပြောတာကြားလား ပိုက်ဆံက အမေ့တစ်ယောက်တည်းရှာနိုင်တာမို့ သားကတော့ သေချာပေါက်ကို ကျောင်းဆက်တက်ရမယ်"

အမေ့စကားကြောင့် မငြိမ့်ချင် ငြိမ့်ချင်နဲ့ခေါင်းညိတ်ပြလိုက်တော့ ဒါမှ အမေ့သားလေးတဲ့။သူသည်တော့ ကျောင်းဆက်တက်ရင်း အချိန်ပိုင်းအလုပ်ကိုသာ လုပ်ရန် ရွေးချယ်လိုက်သည်။

....

"ဟဲ့ သူက အခြောက်တဲ့"

"Gayနေတာလား"

"အေးဆို သူ့သူငယ်ချင်းဟျွန်းဂျင်ကို ကြိုက်နေတာဆိုပဲ"

"နင်ရော ပုံတွေကြည့်ပြီးပြီလား"

ကြားနေရသော စကားတွေကြောင့် လက်သီးကိုခပ်တင်းတင်းဆုပ်ကိုင်ထားရင်း ကျောင်းလမ်းတစ်လျှောက်၀င်လာမိသည်။ဘာတွေဘယ်လိုဖြစ်နေလဲမသိ တစ်ခုခုကလွဲနေပြီ။

-ငါတို့ကျောင်းထဲက ထွက်သွားစမ်းပါ

-မင်းလိုလူတွေရှိနေတာ ရှက်ဖို့ကောင်းတယ်

𝐅𝐚𝐭𝐞Where stories live. Discover now