Chapter 14 (Just leave me)

18K 763 154
                                    

Unicode !

ရုတ်တရက်အခန်းထဲပြေးဝင်လာတဲ့ဇေက မြင်ကွင်းကြောင့် ကြောင်တောင်တောင်ကြီးရပ်ကြည့်နေမိသည်။ တကယ်တမ်း မေ့မျက်ဝန်းတွေကြောင့် ထိတ်လန့်မှုနဲ့ ခြေလှမ်းတွေလေးသွားတာဆိုရင် ပိုမှန်မှာပေါ့။

မေ....""

အ့.....ဖီး....နစ်.....""

ရုတ်တရက် ရွယ့်အသံကြားမှ အသိဝင်လာတဲ့ဇေက ကမန်းကနန်း သူတို့နှစ်ယောက်ကြားထဲပြေးဝင်သွားကာ မေ့လက်ကို ဆွဲ၍ရွယ့်ကိုခပ်ဝေးဝေးတွန်းလွှတ်လိုက်ရသည်။ ဒေါသစိတ်နဲ့ ဘာကိုမှမမြင်တဲ့မေက ဇေ့ကိုတောင်မမြင်တော့သလားအောက်မေ့ရတယ်။ သူ့အကြည့်စူးစူးတွေက ရွယ့်ဆီမှာပဲ ။ ဇေ ရွယ့်ကိုတောင်ပြေးမထူနိုင်ဘူး။ ရွယ့်ဆီကိုခြေလှမ်းတွေဆက်နေတဲ့မေ့ကို ခါးကနေလှမ်းဆွဲထားရလေသည်။

မေ..... မေ...စိတ်ထိန်းပါဦး...မေ...""

မေကသူ့ဘက်ကိုလုံးဝလှည့်မလာပါ။ ကြမ်းခင်းပေါ်ကျသွားတဲ့ရွယ်က အသက်ကိုရအောင်လုရှူလို့ မေ့ကိုအလောတကြီးခေါ်နေတဲ့ဇေ့ကိုမော့ကြည့်လာတယ်။ ပြီးတော့မေ့ကိုမျက်မှောင်ကြုတ်ကာကြည့်လာတယ်။

ကိုကို""

ရွယ်တော်တော့...မေ....ရွယ်ဘာလုပ်မိလို့ ဒီလောက်စိတ်ဆိုးနေလဲမသိပေမယ့် ကျနော်ပဲတောင်းပန်ပါတယ်စိတ်ထိန်းပါဦး။ ကျနော်တို့ဖြေးဖြေးချင်းပြောရအောင်လေ။""

မေက ဇေဆွဲထားတဲ့လက်တွေတဆတ်ဆတ်တုန်လို့ ဒေါသကြောင့်ထွက်လာတဲ့ မျက်ရည်ပြည့်နေတဲ့မျက်ဝန်းနဲ့ ဇေ့ကိုကြည့်လာသည်။ ဇေကတော့ အပြင်ကရပ်နေတဲ့နှစ်ယောက်ကို အကူအညီလှမ်းတောင်းတဲ့သဘောနဲ့ကြည့်လေသည်။

လင်း မင်းဆရာကိုနည်းနည်းဝိုင်းပြောပါဦး""

လင်းကဘာမှပြန်မပြောပဲ ခေါင်းခါပြ၍ ခပ်တည်တည်ပဲရပ်နေလေသည်။

အဲ့....ရာနို....မင်းလာ...""

ရာနိုခမျာ ဘေးကလင်းတောင်မဝင်ပါရဲတာကိုကြည့်ပြီး သူ့အကိုကိုခေါင်းရမ်းရမ်းခါပြတယ်

ကျနော်ကြောက်တတ်တယ် ကိုကြီး""

ဟမ်....မင်းတို့....""

မောင်အမုန်းတွေသီကာကုံးရင် မေပြုံးလို့ပန်ပါ့မယ်Where stories live. Discover now