Chapter 40 (Here we go again!)

12.3K 478 86
                                    

Unicode!

သူ့ကိုယ်ပေါ်ကအတင်းရုန်းနေတဲ့မမလေးကို ဇေက ကုတင်ထက်ကိုချပေးလိုက်တော့ မေကသူ့ကိုဆောင့်တွန်းကာပဲရေချိုးခန်းဘက်ကိုသွားဖို့ပြင်လေတယ်။

မေ....မေ....နေပါဦး"

ဇေကလှည့်ထွက်သွားတဲ့မေ့နောက်ပြေးလိုက်ပြီး လက်ကိုလှမ်းဆွဲတော့ မေကသူ့လက်ကိုချက်ချင်းပဲရုန်းနေရင်း သူ့ကိုအေးတိအေးစက် နာနာကျင်ကျင်မျက်လုံးတွေနဲ့ ကြည့်လာတယ်။ ရုတ်တရက်သူ့အကြည့်မှာ ဇေသူ့လက်ကိုအလန့်လွှတ်ချလိုက်မိတော့ အဲ့ဒီမျက်စောင်းတွေနဲ့ သူ့ကိုမျက်နှာလွှဲပြီး မေက ရေချိုးခန်းထဲဝင်သွားလိုက်တယ်။ ဇေသူ့နှုတ်ခမ်းသူကိုက်ပြီး ရေချိုးခန်းနားထောင့်လေးမှာ ကပ်ထိုင်ချလိုက်မိတယ်။

မေ......ငါ့ကိုတကယ်စိတ်ဆိုးသွားပြီထင်တယ်"

ရေချိုးခန်းထဲကမေကတော့ ဒေါသတွေနဲ့ဝမ်းနည်းမှုတွေနဲ့ရောထွေးနေတဲ့ သူ့မျက်နှာနုနုကို ရေချိုးခန်းမှန်ဆီ ခပ်ကြာကြာလေးကြည့်နေမိတယ်။

မငိုစမ်းနဲ့မေ....အဲ့လောက်ပျော့နေတာ နင်နဲ့မတူဘူး"

မငိုနဲ့လို့သာပြောတယ် စိတ်နောက်မပါတဲ့ကိုယ်က မျက်ရည်တွေဝေ့သီလို့သာ။ မမြင်ချင်တော့တဲ့အဆုံး မျက်နှာကိုရေနဲ့ ခပ်ကြမ်းကြမ်းသစ်ချလိုက်ရတဲ့အထိပါပဲ။ ရှုပ်ထွေးလွန်းတဲ့အတွေးတွေရပ်ဖို့ ခေါင်းကိုပါလျှော်ချပစ်လိုက်ပြီး ရေအဝချိူးပစ်လိုက်တယ်။ ရေချိုးခန်းထဲကထွက်လာတော့ ကုတက်ပေါ် အပေါ်ပိုင်းဗလာနဲ့ထိုင်နေတဲ့ဇေ့ကိုတွေလိုက်ရပါလေသည်။ သူကိုက်ထားတဲ့ပုခုံးတစ်ဖက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ဆေးထည့်နေတာ။

ကျောခိုင်းထားတဲ့သူ့နောက်ကို ခြေသံဖွဖွချောင်းကြည့်မိတော့ သူ့ကိုက်ရာကအတော်လေးလွန်သွားဟန် ပုခုံးတစ်ဖက်မှာသွေးစတွေနဲ့ အကွက်လိုက်ကြီးသာ။ ဒီလိုဒဏ်ရာတွေမြင်ရပြန်တော့လဲ ရင်ဘတ်ထဲဆစ်ခနဲနာလာရပြန်သည်။ ဒီအမျိုးသားနဲ့ပတ်သက်ရင်ကို သူကအလိုလိုပျော့ညံ့နေတာပဲ။ မေကသက်ပြင်းတစ်ချက်ချလိုက်တော့ ဇေကအသံကြားသွားဟန် သူ့ကိုလှည့်ကြည့်လာတယ်။

မောင်အမုန်းတွေသီကာကုံးရင် မေပြုံးလို့ပန်ပါ့မယ်Donde viven las historias. Descúbrelo ahora