Chapter 23 (More than Love)

17.6K 751 91
                                    

Unicode!

မေ့ရင်ဘတ်ပေါ်မှီအိပ်နေတဲ့ဇေက ငြိမ်နေရင်းကရုတ်တရက်ခေါင်းထောင်ကြည့်လာလေသည်။

ဘာဖြစ်လို့လဲမောင်""

ဇေကဘာမှပြန်မပြောပဲ မေ့ကိုငြိမ်ငြိမ်လေးကြည့်နေလေတယ်။ သူ့အကြည့်တွေက မေ့နှုတ်ခမ်းလှလှဆီမှာ။ ဆွဲငင်မှုတစ်ခုမှာ ဇေသူ့နားတဖြေးဖြေးကပ်သွားမိတယ်။ နူးညံ့တဲ့နှုတ်ခမ်းလှလှတစ်စုံက စတွေ့ကတည်းက သူ့ကိုမှင်သက်စေတာတော့အမှန်ပဲ။ ဒီနှုတ်ခမ်းဖျားလေးတွေကိုဆွဲငုံထားချင်စိတ်က သူ့မှာထိန်းမရဘူးရယ်။

ဇေ့မျက်နှာအနားကပ်လာတော့ မေကအသိစိတ်နဲ့ တစ်ဖက်လှည့်ရှောင်လိုက်တယ်။ ဇေကသူ့ကိုပြန်မော့ကြည့်တယ်။ ပြီးတော့ ရှည်သွယ်လွန်းတဲ့လက်တွေနဲ့ မေ့ပါးနုနုကိုခပ်ဖွဖွကိုင်လို့ သူ့ဘက်ကိုဆွဲလှည့်ပြီး အကြည့်ချင်းဆုံစေတယ်။

မောင့်ကို ချစ်လား""

ရုတ်တရက်ဆန်ဆန်ကြီး တည့်တိုးမေးလာတဲ့အမေးမှာမေ့ခမျာ ဘာပြန်ဖြေရမှန်းမသိ ကြောင်ကြည့်နေမိတယ်။ ဇေကတော့ မေဘာမှပြန်မဖြေလာခင်လေးမှာ မေ့နားဖြေးဖြေးချင်းကပ်ကာ နှုတ်ခမ်းနုနုဆီ ဖိကပ်နမ်းလိုက်လေသည်။ ခပ်ဖွဖွအထိအတွေ့နဲ့ အောက်နှုတ်ခမ်းဆီ ကိုက်ခဲစုပ်သပ်မှုတစ်ချို့မှာ နဂိုနီတဲ့နှုတ်ခမ်းလေးတွေတောင် ပိုလို့နီထွေးလာလေသည်။ ရုတ်တရက်အနမ်းခံလိုက်ရတဲ့မေ့ခမျာ မျက်လုံးတောင်မမှိတ်နိုင်ပဲသူ့ကိုပြူးကြည့်နေမိတယ်။ ဇေကသူ့နှုတ်ခမ်းနုနုကလေးတွေကို ထိတစ်ချက်မထိတစ်ချက်ခပ်ဖွဖွနမ်းရှိုက်ရင်း သူ့ကိုကြောင်ကြောင်လေးကြည့်နေတဲ့ မျက်ဝန်းတွေကြောင့် မျက်လွှာချရက်ကလေး ရယ်ရလေသည်။

ပြွတ်.....ဟင်း......အဟားဟား...""

နမ်းနေရင်းရုတ်တရက်ထရယ်တဲ့ဇေ့ကို မေကနားမလည်နိုင်သလိုလေး ပြန်ပြူးကြည့်မိတယ်။

ဘာရယ်တာလဲ""

ဟင်းဟင်း....""

ဇေကဘာမှပြန်မဖြေသေးပဲ မေ့နှုတ်ခမ်းလေးကိုတစ်ချက်လာပြန်နမ်းရင်း ခပ်ဖွဖွစုပ်သတ်လိုက်သည်။ လည်တိုင်နုနုကိုဆွဲကိုင်ပြီး နှုတ်ခမ်းဖျားလေးကို မက်မက်မောမောနမ်းရှိုက်နေရင်း သူ့ရင်ဘတ်ထဲကနှလုံးခုန်သံတွေသာ တဒိတ်ဒိတ်ကျယ်လောင်လာရသည်။ မေကတော့ငြိမ်သက်နေဆဲ။ မကျေနပ်ချက်နဲ့ နှုတ်ခမ်းသားနုနုကို ဖမ်းကိုက်ပစ်လိုက်တော့ အဲ့ဒီမျက်လုံးလေးက မျက်မှောင်ကြုတ်တယ်။

မောင်အမုန်းတွေသီကာကုံးရင် မေပြုံးလို့ပန်ပါ့မယ်Où les histoires vivent. Découvrez maintenant