အပိုင်း 9

4.1K 143 12
                                    

Unicode//

"ထာဝရကိုယ့်အပိုင်"
   ♡ အပိုင်း(၉) ♡

ကြီးမေတို့၃ယောက်က တစ်ယောက်လက်တစ်ယောက်ကိုင်ကာ ဩပြောလာမည့်စကားတို့ကို ဝမ်းသာမျက်ရည်များဖြင့်နားထောင်နေသည်

"လူတယောက်က အကျင့်စာရိတ္တကောင်းပီး ကိုယ်ကျင့်သိက္ခာမပျက်ပြားရင် ဘဝမှာလူဖြစ်ရဖို့ မလုံလောက်သေးဘူးလား.....ပိုက်ဆံတွေ ဂုဏ်ဒြပ်တွေ ပညာအဆင့်အတန်းတွေပြည့်စုံမှ လူလို့ခေါ်ထိုက်တာလား ဟုတ်လား"

"ဘာလို့လူတယောက်ကို အပြင်ပုံပန်းသဏ္ဍာန်ကြည့်ပီးဆုံးဖြတ်ကြတာလဲဟင်...ချမ်းသာပီးကားအကောင်းစားစီးနေတဲ့လူတွေလည်း ကိုယ်ကျင့်တရားကောင်းတဲ့လူရယ်လို့ရှိလို့လား....ငွေရှိတယ်ဆိုပီး ပျော်ပါးလောင်းကစားခုံမင်နေကြတာပဲလေ..
အဲ့လိုလူတွေကျ ငွေကြောင့်သိက္ခာရှိတယ်လား...
လူလူချင်း အသက်ရှူနေတာချင်းအတူတူ သူကဂုဏ်ရှိမှ ဟိုလူပညာပြည့်စုံမှဆိုပီးပကာသနတွေဘာလို့ဖက်တွယ်နေကြတာလဲရှင်တို့တွေ
အဲ့လိုဆိုစာမတတ်တဲ့လူ မျက်နှာမွဲဆင်းရဲသားတွေကသေပေးရမာလား.."

ဩစကားတွေကို ခုနက ကဲ့ရဲ့ခဲ့သူအပေါင်းတို့ဘာမှဝင်မပြောပါ သူတို့အမှားကိုသိ၍ ငြိမ်ကာ ခေါင်းငုံ့နားထောင်နေသည်

"ရှင်...ရှင်ကရော ကျမကိုရှင့်မိန်းမတယောက်အဖြစ်ဘယ်အခါကများဂရုစိုက်ဖူးလို့လဲ အခုမှရှင့်အရှက်ကိုကျမကခွဲတယ်တဲ့လား....ကျမအနေနဲ့ ပြောင်းလဲလာတဲ့ပတ်သတ်မှုကို တည်တံ့အောင်ပဲကြိုးစားခဲ့ရတာ
ဒါပေမဲ့ ရှင်ကတော့ကျမဘက်ကရပ်တည်ပေးဖို့နေနေသာသာ သူများထက်တောင်ကျမအပေါ်အဆိုးမြင်နေသေးတယ်...အဲ့လောက်တောင်ကျမကိုမုန်းနေတာလား ဟင်..
ဦးနေသခင်ပြောပါဦး"

သူ့လက်မောင်းကိုကိုင်လှုပ်ပြောတော့သူခေါင်းငုံ့သွားသည်
သူမစကားတွေကို ပြန်ပြောဖို့အားအင်မရှိတော့ပါ

"ဘာလို့ ကျမမမှားပဲ တောင်းပန်ရတာလဲ...ကျမမခိုးပါပဲ ခိုးတယ်လို့ဘာလို့အစွပ်စွဲခံရတာလဲ အီးဟီးးး
ကျမအမေကျမကိုမွေးထားတာ အခုလို အရှက်ရသိမ်ငယ်နေစေဖို့မဟုတ်ဘူး.....
ရှင်တို့ကျမကိုပြောတယ်နော် ညနေဘက် ယောက်ကျားတယောက်နဲ့ လိုက်သွားတာမြင်တယ်ဆိုပီး"

ထာဝရကိုယ့်အပိုင် / ထာဝရကိုယ့္အပိုင္  [Complete]OCWhere stories live. Discover now