အပိုင်း 8

4.1K 130 13
                                    

Unicode//

"ထာဝရကိုယ့်အပိုင်"

   ♡ အပိုင်း(၈) ♡

"ကြီးမေ...သူ့ဆီကဖုန်းလာသေးလားဟင်"

ဧည့်ခန်းကဖုန်းခုံနားထိုင်နေသည့်ဒေါ်တင်ကိုမြင်တော့ ဩသူ့ကိုသတိရစိတ်ဖြင့်မေးမိသည်

"အင်းခုနပဲလာတယ်...အလုပ်ကိစ္စပါပဲ သူမှာစရာရှိတာမှာပီးဖုန်းချသွားတာ"

ဩမျက်နှာလေးညှိုးရပါတယ်

'သူငါ့ကိုတောင်မမေးဘူးတဲ့လား'

"ဒီတခါသခင်ကြီးဆီကဖုန်းလာရင်သမီးကိုင်လိုက်လေ ....အလွမ်းပြေပေါ့"

သူမစိတ်အတွင်းကိုသိ၍ လမ်းဖွင့်ပေးသည့်ကြီးမေကိုအားနာမိသည်
ဩအဖြစ်က ဒီလောက်တောင်ပဲသိသာနေတာလား

"ဟင့်အင်းမကိုင်တော့ပါဘူး...သူ့အလုပ်နဲ့သူရှုပ်နေတာ သမီးအသံကြားလို့စိတ်မညစ်စေချင်ဘူး "

"ဪ အဲ့လိုလည်းမဟုတ်ဘူးလေကွယ် သမီးကသူ့မိန်းမပဲ ဘယ်ယောက်ကျားမဆို နယ်ဝေးခရီးသွားရင် သားမယားကိုလွမ်းတာ ထုံးစံပါပဲ..သမီးအသံကြားရင်သူပင်ပန်းတာသက်သာလောက်မာပါ"

"မထင်ပါဘူးကြီးမေရယ် ပြန်လာရင်တောင် သမီးကိုစကားမပြောလောက်ဘူးသူ...
ဒီကသွားခါနီးကတောင်ဒေါသထွက်သွားတာပဲ သူလိုလူက ပြဿနာတစ်ခုကိုရင်ထဲမှာအစိုင်အခဲလို တည်ထားတာ"

"ဟင်း ခက်တာပဲ ကြီးမေလည်းသူများလင်မယားကြားဝင်မပါချင်ပါဘူး...ဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာ သမီးတို့ပဲဆုံးဖြတ်ကြပါ"

ကြီးမေလည်းထသွားရော အမရာဝင့်ကအိမ်ထဲဝင်လာပီး

"ဥဩချို....ကားပေါ်ကပစ္စည်းတွေသွားသယ်"

သူ မရှိတဲ့အချိန်အတွင်း ပြဿနာဆိုသည့်အသံ အဝေးမှသူမကြားရစေရန် ဩ သည်းညည်းခံပီးသူ့ဧည့်သည်
ဒီမိန်းမကို ဘာတခွန်းမှနှုတ်လှန်ထိုးပြောမနေပါ

လုပ်ပေးလိုက်လဲ ဘာမှမပင်ပန်းတာမို့ ထထွက်လာခဲ့သည်

"ဝတီဒါဘာပ္စည်းတွေလည်း အလေးချိန်လည်းသိပ်မရှိဘူး"

"သမီးအထင်မွေးနေ့အလှဆင်ဖို့ထင်တယ်...
ဒီမှာကြည့်လိုက် စက္ကူအပျော့တွေ ရာဘာအမျှင်ဗူးတွေ"

ထာဝရကိုယ့်အပိုင် / ထာဝရကိုယ့္အပိုင္  [Complete]OCDonde viven las historias. Descúbrelo ahora