Extra

6.9K 134 31
                                    

"ထာဝရကိုယ့်အပိုင်"
   ♡ EXTRA ♡

လက်ရှည်အကျီကြယ်သီးကို အမိအရတပ်ရင်း လှေကားမှဆင်းလာသူနေသခင်အားဩ ဆော်ဩလိုက်သည်

"ရှင်ဘုရင်တစ်ခါထွက်ပဲကြီးတစ်လှေချက်ဆိုတာ ရှင့်ကိုပြောတာ"

နှစ်ဦးသား ဘဲခေါင်းစိမ်းအရောင်ကိုCoupleဝတ်ထားပီး ပြည်မှ ဩမိဘများထံ ကန်တော့ဖို့ သွားဖို့ရာ ဩသူ့ကိုစောင့်နေရသည်

"ဘာဖြစ်လို့လဲ"

"ကျမစောင့်နေတာနာရီဝက်ရှိနေပီ...ခုထိကိုမပီးသေးဘူး ကြည့်ဦး"

"ရုပ်ခံကချောပီးသားဆိုတော့သိပ်ပြင်စရာမလိုဘူးလေ...ကိုယ့်ဖိနပ်ရှာနေတာမတွေ့လို့မင်းသိမ်းထားသေးလား"

"သိမ်းထားတယ် ဒီမာ"

ဖိနပ်စင်ပေါ်က သူ့သားရေဖိနပ်ယူကာ ခြေထောက်နားချပေးလိုက်သည်

"ကြယ်သီးလည်းတပ်လို့မပီးဘူး လာဒီကို"

"ဒါတွေ အိမ်ရှင်မဖြစ်တဲ့မင်းလုပ်ရမာလေ"

"ကိုယ့်ခါးပေါ်တော့ ပြင်ဆင်ဝတ်လေ...ဘာလို့ သူများပဲခိုင်းချင်ရတာလဲ"

"သူများမဟုတ်ဘူး ကိုယ့်မိန်းမကိုခိုင်းတာ မွ"

ကြယ်သီးတပ်ပေးနေသည့် ဩပါးတဖက်ဆီ လှမ်းမွှေးလိုက်သည် ရှင်မတောင်နံ့လေးကသင်းနေရော

"အောက်ကစွပ်ကျယ်ဖြစ်ဖြစ်တီရှပ်ဖြစ်ဖြစ်ဝတ်လိုက်ပါ့လား အကျီကပါးနေမယ်"

"ရတယ် Martinသားကအေးတယ် ကားထဲမှာအိုက်လို့ဒါရွေးဝတ်တာ"

"ဪ...ဒါဆို ကျမနဲ့ ဆင်တူချင်လို့မဟုတ်ဘူးပေါ့ဟုတ်လား"

ဩဆိုသည်မှာ ကြံဖန်၍ အထအနကောက်ပါသည်

"အဲ့လိုမဟုတ်ဘူးလေ ကိုယ်အရွေးမှန်သွားတာပါ"

"မဟုတ်ပါဘူး ရှင်လိမ်နေတာ...သွားအခြားအရောင်သွားဝတ်ချည် စိတ်ထဲမပါတဲ့ ဝတ်စုံကြည့်ပီး မကြည်နူးနိုင်ဘူး"

"မိန်းမရယ်..တော်ပါပီ နောက်မှစိတ်ကောက်ပါ ခုနေမြင့်တော့မယ်သွားရအောင်"

ဩသူ့ကိုလက်ဆောင်ပေးထားသည့်နာရီလေးကို သူဝတ်ထားသလို ဩသည်လည်း သူပေးသည့်ဆွဲကြိုးလေးဝတ်ထားခဲ့သည်
ယခု သူမဆုပ်ကိုင်ချင်သည့်  နာရီဝတ်ထားသည့်သူ့လက်အား ပိုင်ပိုင်နိုင်ဆုပ်ကိုင်ခွင့်ရခဲ့လေပီ

ထာဝရကိုယ့်အပိုင် / ထာဝရကိုယ့္အပိုင္  [Complete]OCNơi câu chuyện tồn tại. Hãy khám phá bây giờ