~ ၁၀ ~

141 17 4
                                    

[ Unicode ]
-----------------

" ကျုပ်ကိုတွေ့ချင်တယ်ဆို "

မတင်းလွန်းမပျော့လွန်းတဲ့အသံတစ်ခုရဲ့နောက်မှာ မြင်တွေ့လိုက်ရသောမျက်နှာကြောင့်တည်တံ့စေကော ထိုသူပါတပြိုင်နက်ထဲအံ့သြသွားကြသည် ။

ဒီတစ်ခါကတော့ရှေ့ ၂ ခေါက်တုန်းကတွေ့ခဲ့ရတဲ့ပအိုဝ်းတိုင်းရင်းသားဝတ်စုံဖြင့်မဟုတ် ။

အပျော့သားဆွယ်တာလက်ရှည်အညိုရောင်ကိုတံတောက်ဆစ်နားထိဆွဲတင်ထားကာ နက်ပြာရောင်ဂျင်းပင်န်အရှည်ကိုလည်းခြေသလုံးပေါ်အောင်အထိခေါက်ထားသူ ။ အသားရည်လတ်ပြီး ကိုယ်လုံးကိုယ်ထည်တောင့်တင်းသူမို့အရပ်ကလည်း ၅ ပေ ၈ ရှိသောတည်တံ့စေထက်ပင်အနည်းငယ်ပိုရှည်နေသည် ။ စမြင်တုန်းကခေါင်းပေါ်မှာပေါင်းထားတဲ့အနီရောင်ပုဝါစမှာ ယခုချိန်တော့လစ်လပ်လျှက် ။ ဆီမကူထား၍ နက်မှောင်ပြီးထူထဲလှသောဆံပင်ခပ်တိုတိုဟာနှာဖူးပြင်ထက်ကပို့ကရို့ကျနေတာကိုကလည်း တစ်မျိုးကြည့်ကောင်းပြန်၏ ။ မျက်ရစ်ပေါ်ပေမဲ့သေးတာကြောင့်မျက်မှောင်ကြုတ်ထားချိန်တိုင်း မကျဉ်းမကျယ်ရှိတဲ့ကြည်လင်သောမျက်နက်ဝန်းတစ်စုံကကိုယ့်ကိုယ်ကိုယုံကြည်မှုများအပြည့် ။ ရှမ်းမျိုးနွယ်စုဝင်ဖြစ်သော်လည်း တည်တံ့မြင်ဖူးနေကျရှမ်းရုပ်မျိုးမပေါက် ။ ရိုးသားကြည်စင်သောလူချောစာရင်းဝင်တိုင်းရင်းသားတစ်ယောက်မှန်းတော့ ထိုသူရဲ့ပုံပန်းသွင်ပြင်ကသက်သေပြနေခဲ့ပါသည် ။

ကျွန်တော်ကလည်းသူ့ကိုအကဲခတ်နေသလို သူကလည်းကျွန်တော့်ကိုအကဲခတ်နေမှန်း ဘာစကားမှမပြောဖြစ်ကြတဲ့အနေအထားကြောင့်သိသာလှသည် ။ နောက်တော့မှ ကိုယ့်အမူယာကိုယ်ပြန်ထိန်းထားလိုက်ရင်း မနေနိုင်စွာလွှတ်ခနဲပြောဖြစ်အောင်ပြောမိသွားတာက

" မင်းပဲလား " တဲ့ ။

ဘာလို့သူပဲဖြစ်နေပြန်ရတာလဲဆိုသောအံ့အားသင့်စိတ်ကို ချုပ်တီးထားဖို့ရန်မလွယ်ကူခဲ့ ။

တခြားသူတစ်ယောက်ဖြစ်နိုင်ရဲ့သားနဲ့ တိုက်တိုက်ဆိုင်ဆိုင်ထိုသူဖြစ်နေခဲ့တဲ့ကံတရားဟာ ဘာတွေများအကွက်ရွေ့နေပြန်သလဲမသိတော့ပါ ။

ဝေး ( ongoing ) ေဝးWhere stories live. Discover now