T

990 79 31
                                    

Haruto Pov:

"ဒေါက်ဒေါက်ဒေါက် ဒေါက်ဒေါက်ဒေါက်ဒေါက်ဒေါက်ဒေါက်"
အဆက်မပြတ်ထွက်ပေါ်လာတဲ့ တံခါး‌ခေါက်သံကြောင့် Haruto အပြေးသွားကာတံခါးဖွင့်ပေးလိုက်သည်

ဒီတံခါးခေါက်သံက သေချာတယ် ... Jeongwoo ပဲ

"မင်းပြန်လာပီလား"
သူပြောလိုက်တဲ့စကားရဲ့ အဓိပ္ပာယ်ကို Jeongwoo က ကောင်းစွာနားလည်ပေမဲ့ အဟက် ဆိုသော လှောင်ရယ်သံနဲ့သာတုန့်ပြန်လေသည်

Park Jeongwoo ဆိုတာ ကျွန်တော်သိပ်ချစ်ရတဲ့သူပါ ....အမြဲနာကျင်မှုတစ်ပွေ့တစ်ပိုက်ကိုယူလာပေးသူပေါ့...ဒဏ်ရာတွေအမြဲပေးတယ် ...အဲ့ ဒဏ်ရာတွေကျက်ခါနီးရင် သူပြန်လာတယ် ...ကျွန်တော်ကလည်းပြန်လက်ခံတယ် ....သူငယ်ချင်းတွေရဲ့ အပြောအောက်မှာ ကျွန်တော်လဲ ဂျို၈ချောင်းလောက်ပေါက်နေရပီ ...ဒါပေမဲ့ ဂရုမစိုက်မြဲပါပဲ....ကျွန်တော် သူ့ကိုသိပ်ချစ်တာကို

ဒီတစ်ခါလည်း အဆုံးသတ်က ဘာဖြစ်မယ်မှန်းကျွန်တော်သိပါတယ် ...ဒါပေမဲ့ သူ့ကို ကျွန်တော့်နားမှာထားချင်နေတုန်းပဲ

"ငါအရမ်းပင်ပန်းပီး အထီးကျန်တယ် ...ဒီညဒီမှာအိပ်မယ် ..ရတယ်မဟုတ်လား"
ပြောရင်း ကျွန်တော့အခန်းထဲသူဝင်သွားသည်...ရတယ်မဟုတ်လားဆိုတဲ့စကားက ကြားကောင်းအောင်ပဲပြောတာပါ

ကျွန်တော် မငြင်းနိုင်မှန်းသူသိတယ်လေ

အဲ့လူဆိုတာ သူပင်းပန်းမှ ကျွန်‌ေတာ့်စီလာတာ အရာရာအဆင်ပြေသွားရင် သူကျွန်တော်စီကပြန်ခွာသွားရော

သူ့‌ေမြာက်မြားစွာ‌ေသာရည်းစားတွေနဲ့ပြတ်တဲ့အချိန်ဆိုမှ သူလာတာပါလေ...သူ့ရဲ့မြောက်မြားစွာသော ရည်းစားဆို ကျွန်တော်နဲ့သူက‌ေကာဘာတွေလဲလို့မေးလာရင်တော့ ကျွန်တော်တို့လဲရည်းစားတွေပါပဲ ...ကျွန်တော်က သူ့အတွက်လိုသုံးပေါ့...သူ့အပြောအရ ဆိုရင်တော့ သူ့အတွက်အိမ်တဲ့ ရယ်စရာကောင်းပေမဲ့ ကျွန်တော့်ကတော့ သဘောကျတယ်

သူလိုအပ်တိုင်း သူ့အတွက်ရှိနေပေးတယ်...သူလိုအပ်ချိန်တိုင်း ကျွန်တော့ပြန်လာခွင့်ပေးထားတယ်...

သူဆက်သွယ်ချင်မှဆက်သွယ်တယ် ....သူရှုပ်သမျှနားလည်ပေးရတယ် ....သူနဲ့တွေ့ရတာ ၃လမှ တစ်ခါနှစ်ခါရယ်ပါ ...သူ့ကိုကျွန်တော်‌ေတွ့ချင်ရင် တစ်ခုပဲလုပ်ဖို့လိုတယ် ...

Toxic Love Where stories live. Discover now