O

473 71 14
                                    

Haruto POV:

*Double kill
Triple kill*

Battel ဆိုင်နေတုန်းပုခုံးပေါ်လာတင်တဲ့လက်ကြောင့် လှည့်ကြည့်မိတာနဲ့Maniac မရလိုက် ....(mobile legendsမဟုတ်ပါ တစ်ခုခုပါပဲ Diaလဲနာမည်မသိပါဘူး..😆)

စိတ်တိုတိုနဲ့ ပုခုံးပေါ်လက်လာတင်သူကို လှည့်ကြည့်လိုက်တော့ ကျွန်တော်နဲ့ရွယ်တူအရွယ်ကောင်လေးတစ်ယောက်
"ဘာလဲဗျာ...ဘာကိစ္စလဲ! "
စိတ်တိုနေတာကြောင့် ကျွန်တော့်အသံအနဲငယ်မာသွားသည်..အနှီကောင်လေးက မျက်ခုံးတွေက တွန့်ချိုးသထက်တွန့်ချိုးလာ၏ ..

"ဒါကျွန်တော်တို့နေရာ.."
"မင်းနေရာလို့နာမည်တပ်ထားလို့လား?"

မနေ့ကမှ ကိုရီးယားကိုရောက်တာမို့ သူ့ရဲ့ကိုရီးယားစကားပြောသံကထူးဆန်းနေမှာပင်...အနှီကောင်လေးကလည်း အနည်းငယ်ပြုံးသွားသည်ကို...

"တပ်မထားပေမဲ့ ဒါကျွန်တော့တို့နေရာဆိုတာ ဆိုင်ရှင်ကအစဆော့နေကြလူတွေအကုန်သိတယ်"
"ဒါပေမဲ့ငါမသိဘူးလေ"
"ဖယ်ပေး!"
အထက်သီးဆန်တဲ့‌အ‌ေပြာကြောင့် ကျွန်တော်မျက်မှောင်ကြုံမိတော့သည်

"မဖယ်ပေးနိုင်ဘူး!"
"ဖယ်!"
"No!"
"ဖယ်လိုဆိုနေတယ်!"
"မဖယ်ပေးနိုင်ဘူး"

"Ya ya ruto ya"
တင်းမာလာတဲ့အခြေအနေကြားမှာ အတူပါလာတဲ့ Yoshi Kun ကဝင်ထိန်းလေသည်

သူစိမ်းကောင်လေးဘက်ကလဲ
"Jeongwoo ya တော်တော့"ဘာညာကြားနေရသည်
အနှီကောင်လေးကတော့ခေါင်းမာစဲ

"ဒီလိုလုပ်မယ်...မင်းနဲ့ငါ By one ချမယ်...ရှုံးရင်နေရာဖယ်ပေး ...နိုင်ရင် ငါတို့ကျော်သွားပေးမယ်"
"ဟ..ok လေ"



တစ်သက်နဲ့တစ်ကိုယ် အရှုံးဆိုတာနဲ့မရင်ဆိုင်မဖူးသည့် Haruto က ထိုနေ့ကလို့ အရှုံးကိုစတင်ရင်ဆိုင်လိုက်ရသည် ထိုနေ့ကစလို့ ၈နှစ်ကျော် အနှီလူသားထံမှာ အမျိုးမျိုးအဖုံဖုံ အကြိမ်ကြိမ်ရှံုးနိမ့်ခဲ့ရသည်...သိပ်ချစ်ခဲ့ရတာမို့ အကြိမ်ကြိမ်ရှူံးလဲ မမုန်းနိုင်ခဲ့ပါ...ကျွန်တော့်အရှုံးတွေစတင်ခဲ့တဲ့နေ့က မှတ်မှတ်ရရ ၁၈.၁.၂၀၁၄...စနေနေ့...

3ရက်အကြာ...

အခန်းထဲပတ်ရှာကြည့်တော့ colaကုန်ဆုံးသည့် ပြဿနာကြီးတက်နေတာမို့ အနားမှာရှိတဲ့ Convenience storeကိုအမြန်ပြေးရတော့သည်

Toxic Love Where stories live. Discover now