I

404 63 14
                                    

ဘေးနားက အိကျသွားတဲ့အိပ်ရာကြောင့်ရယ် ...ခါးကိုလာဖက်တဲ့လက်အစုံနဲ့ကြောင့်ရယ်... Jeongwoo သူ့‌ေဘးမှာဝင်အိပ်နေပီမှန်းသိလိုက်ပါသည်..

အတိတ်စီရောက်နေတဲ့အတွေးစတွေကိုသိမ်းလိုက်ပီး...ဆုံးဖြတ်ချက်တစ်ခုကို ချမိပါ၏...

"Luto...မင်းမအိပ်သေးမှန်းငါသိတယ်..."
"...."
"ဒီဘက်လှည့်ပါ့လား"

Haruto ဆိုတာ... Jeongwoo စကားကိုဘယ်တုန်းက မနာခံဘဲနေဖူးလို့လဲ?....

သူ့ဘက်ကို ကျွန်တော့် လှည့်လိုက်တော့ ရင်ခွင်ထဲကိုအတင်းတိုးဝင်လာသည်....

တစ်စတစ်စိုရွှဲလာတဲ့ အင်္ကျီရင်ဘတ်ကြောင့်... Jeongwooငိုနေမှန်းသတိထားမိပါသည်....

ကျောပြင်ကို ပွတ်သတ်ပေးလိုက်တော့
"Luto မင်းသိလား...ငါလေ chaeကို-"
"တော်တော့..."

ရင်ခွင်ထဲကနေ ကျွန်တော့်မော့ကြည့်တဲ့ Jeongwoo မျက်လုံးတွေက အံ့သြရိပ်တို့လွှမ်းလျှက် ....

ကျွန်တော်သူ့ကိုတစ်ခါမှအဲ့လို မပြောဖူးဘူးလေ...

"မငိုနဲ့တော့"
မျက်ဝန်းထက်မှ မျက်ရည်စတို့ကို သုတ်ပေးကာ...ခေါင်းလေးအားရင်ခွင်ထဲပြန်ထည့်ထားလိုက်သည်...
"ဘာလို့ ငါပြောတာကိုဆုံးအောင်နားမထောင်တာလဲ luto"..
""အိပ်တော့ မင်းမနက်ဖြန်ကျရင်...ဒေါသလဲထွက်ရအုံးမယ်...ငိုလဲငိုရနိုင်တယ်"
"ဘာလို့လဲ"

ထထိုင်ကာမေးနေတဲ့ Jeongwoo မျက်နှာကိုစိုက်ကြည့်ပီး
"မင်းမအိပ်ရင်ငါ့ဘာသာအိပ်တော့မယ်"

"အာာ အဲ့လိုတော့မဖြစ်ဘူးလေ..."
ဆိုပီးရင်ခွင်ထဲပြန်တိုးဝင်လာတဲ့ခေါင်း‌ေလးကို အသာနမ်းလိုက်မိ၏...

စောနကငိုနေတဲ့ Jeongwoo က ခုတော့ရီလို့...အပြုံးလေးနဲ့အတူ...သူ့အကြိမ်ကြိမ်ထိုးခဲ့ဖူးလို့ ပေါက်ပြဲရာတွေထပ်ဖူးတဲ့ ကျွန်တော့်နှုတ်ခမ်းကို သူ့နှုတ်ခမ်းလေးနဲ့ထိကပ်လိုက်သည်....နှလုံးခုန်သံတို့ ဗရမ်းပတာဖြစ်သွားပေမဲ့ရအောင်ထိန်းချုပ်လိုက်ပါ၏

နှုတ်ဆက်အနမ်းပေါ့....

ကျွန်တော်က အချစ်ကိုခက်ခက်ခဲခဲသင်ယူခဲ့ရတယ်...ကျွန်တော်သိပ်ချစ်တဲ့သူက အသည်းခွဲတာမှာသိပ်တော်တယ်...

Toxic Love Where stories live. Discover now