Unicode
Chapter 5 — ဆရာမယောင်
"နဥ်ရှီ အခုလေးတင် မင်းသရုပ်ဆောင်သွားတာ အရမ်းကောင်းတယ်, ဒါပေမဲ့ မင်းနည်းနည်းပိုနှေးပြီး ပြေးသင့်တယ်" ဒါရိုက်တာကစခရင်ကိုကြည့်ပြီး နဥ်ရှီကိုလှည့်ကြည့်လိုက်သည်။ "ငါတို့နောက်တစ်ကြိမ်ပြန်ရိုက်မလား?"
နဥ်ရှီက အသက်ကို အပြင်းအထန်ရှူနေရ၏။ သူ(မ)က မိတ်ကပ်ပညာရှင်အား သူ(မ)ကိုအပြီးသတ်ပေးရန် မျက်နှာကိုမော့လိုက်ကာ ဒါရိုက်တာကို 'okay' သင်္ကေတပြလိုက်သည်။
သူ(မ)သဘောတူလိုက်တာကိုမြင်လေတော့ ဒါရိုက်တာကကျေနပ်ပြုံး ပြုံးလိုက်၏။ အမှန်တော့ ပြီးခဲ့တဲ့ဇာတ်ကွက်သည် အတန်အသင့်တော့ ရလဒ်ကောင်းမွန်စွာထွက်လာခဲ့၏။ အကယ်၍သရုပ်ဆောင်တွေသာ ပြန်မရိုက်ချင်တော့ဘူးဆိုလျှင် သူတိုက်တွန်းနေမည်မဟုတ်။ဒါပေမယ့် ပြီးပြည့်စုံမှုအတွက် ဆန္ဒပြင်းပြသည်မှာ အမြဲပိုကောင်းသည်။
"ဟုတ်ပြီ, အသင်းတွေအားလုံး sceneအတွက် အသင့်ပြင်ထားကြ"
မိုးရွာနေဆဲဖြစ်ကာ ကားတစ်စီးကလမ်းပေါ်မှာ မောင်းနေသည်။ သူ(မ)ကအပြင်းအထန်ကိုပြေးလွှားနေသည်မှာ လမ်းဆုံးကိုရောက်လျှင် သူ(မ)၏ပျော်ရွှင်မှုကို နောက်ဆုံးရရှိသွားနိုင်မည့်အလားပင်။
သူ(မ)ကလုံးဝဥဿုံကို ရွှဲရွှဲစိုနေပြီး သူ(မ)၏ရှည်လျားသော ဆံနွယ်တွေဟာ စတင်စိုရွှဲလာကာ သူ(မ)၏ပါးမို့ထက်ဝယ် ဆံချည်မျှင်တွေကကပ်နေ၏။ သူ(မ)မျက်နှာတစ်ခုလုံးဟာလည်း စာရွက်တစ်ရွက်အလား ဖြူရော်နေသည်။
သူ(မ)ငိုနေကာ သူ(မ)၏မျက်ရည်တွေက မိုးရေနှင့်ရောကုန်သည်။ ဘက်စ်ကားကဝေးသထက်ဝေးသွားပြီး သူ(မ)စိတ်ဓာတ်ကျလာ၏။ သို့ပေမယ့် သူမအနောက်မှ ကားကတော့ မရပ်တန့်သွားပေ။
ကားကသူ(မ)ကိုတိုက်လိုက်သောအခါဝယ် အသံတိတ်လဲကျသွားကာ သူ(မ)ရဲ့လက်က ကားဘက်ကိုဆန့်ထုတ်နေခဲ့လေ၏။ မိုးကပိုသည်းလာပြီး သူ(မ)ရဲ့ကျောပြင်ကဗွက်တွေကို ဆေးကြောသွားသည်။ သို့ပေမယ့် သူ(မ)ခန္ဓာကိုယ်အောက်က ဗွက်တွေနှင့်သွေးတွေက ရောယှက်သွားခဲ့သည်။
YOU ARE READING
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း
RomanceThis is not my own.. Totally Credited to original author.. .......... Title - Return of the Goddess Chapters - 106 Completed .........