Unicode
အပိုင်း - (၅၇)
ဆောင်းဦးလယ်ပွဲတော် (လမုန့်ပွဲတော်) ၏ အားလပ်ရက်များသည် ပြည်တွင်းရုပ်ရှင်ဇာတ်ကားများအတွက် Box Office တွင် ရွှေရောင်လွှမ်းသော ကာလဖြစ်ပေ၏။ နာမည်ကျော်ရုပ်ရှင်များအတွက်လည်း အပြိုင်အဆိုင်များသော ကာလတစ်ခုပင်။ ရုပ်ရှင်ကားတစ်ခု Marketing ကောင်းသွားလျှင် ကျန်ရုပ်ရှင်များ မှေးမှိန်သွားကာ Box Office တွင် flop သွားတတ်ကြသည်။
(TN : Flop တယ်ဆိုတာ ထင်သလောက် မပေါက်တာ၊ လူကြိုက်မများတာ၊ ကြည့်တဲ့လူနည်းတာကို ဆိုလိုပါတယ်။)
‘Tan Haixian Ji’ ရုပ်ရှင်သည် ထင်သည့်အတိုင်း အောင်မြင်မှုများစွာ ရရှိခဲ့လေ၏။ သို့သော် သာမန်ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ပင် ရုပ်ရှင်၏ ကျော်ကြားမှုမှ အောင်မြင်မှုတချို့ ရနိုင်လိမ့်မည်ဟု ထုတ်လုပ်ရေးအဖွဲ့ပင် ထင်မထားခဲ့ချေ။
ဇာတ်လိုက်မင်းသား၊ မင်းသမီးနှင့် အဓိကဇာတ်ပို့သရုပ်ဆောင်များဆိုလျှင် ပြောစရာမလိုတော့၊ သူတို့၏ နာမည်ဂုဏ်သတင်းက ဝဲပျံတက်နေတော့သည်။
ထိုနည်းတူ ရုပ်ရှင်၏ ဇာတ်သိမ်းပိုင်းက Open Ending ဖြစ်နေသဖြင့် အမျိုးသမီးဇာတ်လိုက်၏ ပရိသတ်များနှင့် နတ်မိမယ်ချင်းယန်၏ ပရိသတ်များကြား အချေအတင် ဖြစ်နေကြတော့၏။ စွန်းယွီဟန်နှင့် နဉ်ရှီသာ အမှန်တကယ် မရင်းနှီးဘူးဆိုလျှင် တိုက်ပွဲအရှိန်က သူတို့ကိုပါ ကူးစက်လာနိုင်လောက်သည်။
(TN : Open Ending = ပရိသတ်စိတ်ကြိုက် ဖြည့်တွေးလို့ရတဲ့ ဇာတ်သိမ်းမျိုးပါ။)
လီယွီသည် စွန်းယွီဟန်၏ အမာခံပရိသတ်တစ်ဦးပင်။ သူမ၏ Idol ကို Box Office တွင် ထောက်ပံ့ပေးနိုင်ရန်အတွက် သူမသည် သူငယ်ချင်းတစ်ယောက်ကို တကူးတက ဆွဲခေါ်လာကာ ‘Tan Haixian Ji’ ရုပ်ရှင်အတွက် လက်မှတ်ဝယ်ပြီး ရုပ်ရှင်မစတင်မီ ရုပ်ရှင်ရုံထဲ ဝင်သွားလိုက်၏။ ထိုအချိန်မှာပင် ခန်းမတစ်ခုလုံး ရုံပြည့်ရုံလျှံ ဖြစ်နေချေပြီ။ သူမလည်း ရုပ်ရှင်လက်မှတ်ဖြတ်ပိုင်းကို ပိုက်ဆံအိတ်ထဲထည့်ကာ ရုပ်ရှင်စပြမည့်အချိန်ကို စောင့်နေလိုက်သည်။
YOU ARE READING
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း
RomanceThis is not my own.. Totally Credited to original author.. .......... Title - Return of the Goddess Chapters - 106 Completed .........