Translated by Lazy_Meow_Cherron
Unicode
အခန်း (၅၄)
သူမဟာ ကိစ္စတွေကို အတွေးလွန်နေခြင်းဖြစ်မည်ဟု စွန်းယွီဟန်က တွေးလိုက်မိသည်။ ချန်းရှီကွေ့လိုလူမျိုးက သူ့မာနကိုခဝါချပြီး လူတစ်ယောက်ကို စိတ်ကျေနပ်စေတဲ့ ချစ်ခွင့်ပန်ခြင်းနည်းလမ်းကို ဘယ်လိုလုပ်အသုံးပြုနိုင်မှာလဲ? သူ့လိုအဆင့်အတန်းထဲက ယောက်ျားတွေက အဖိုးတန်လက်ဝတ်ရတနာတွေ၊ ကားတွေ၊ အိတ်တွေ၊ ဒါမှမဟုတ် အိမ်ကိုတောင် ပေးကြလိမ့်မည်၊ သို့သော် ထိုသို့သော ရိုမန့်တစ်ဆန်ဆန်ပုံရိပ်များတွင်တော့ အားထုတ်ရန်ဆန္ဒမရှိကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏အမြင်တွင် မိန်းမများဟာ ထိုသို့သောပစ္စည်းများကို သဘောကျသည် ဟူ၍ပင်။ သူတို့ကိုစိတ်ကျေနပ်စေရန် ယောက်ျားများအနေနှင့် ဘာမှသိပ်တွေးစရာမလို။ ထိုအခြင်းအရာသည် သူတို့က ထိုအမျိုးသမီးကို မကြိုက်ဟု မဆိုလို။ သူတို့၏စိတ်နှလုံးထဲ၌ ငွေဟူသည် သူတို့အတွက် အမျိုးသမီးတစ်ယောက်ကို ပေးရန်ဆန္ဒရှိပြီး ပေးနိုင်သောအရာခပ်သိမ်းပင်။
သို့သော်ငြား မိန်းမအများစုအတွက်မူ ပိုက်ဆံသည် ဒုတိယနေရာတွင်ပင်။ သူတို့ဘဝတစ်လျှောက်လုံး အမှတ်တရရှိသွားမည့်အရာက လက်ဆောင်များ၏နောက်ကွယ်က ယောက်ျားတို့၏ ရိုးသားစစ်မှန်မှုနှင့် အတွေးပင်။
လက်ဆောင်က ဈေးမကြီးတာမျိုး ဖြစ်ရင်ဖြစ်မည်; ၎င်းက ကားတစ်စီး သို့မဟုတ် လက်ဝတ်လက်စားထက် ဈေးနိမ့်ကောင်းနိမ့်လိမ့်မည်; သို့သော် သူတို့လိုနေတာက ပိုက်ဆံမဟုတ်...သူမအတွက် လေးနက်၍အဓိပ္ပာယ်ရှိသော လက်ဆောင်တစ်ခုကို စဉ်းစားရန်အတွက် ထိုအမျိုးသား၏ဆန္ဒရှိမှုပင်။
ဟုတ်ပေသည် ပိုက်ဆံကို မည်သူမျှမမုန်း၊ သို့သော် စစ်မှန်ရိုးသားမှုကိုလည်း လူတိုင်းကြိုက်နှစ်သက်ကြပေသည်။ သူဌေးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်အပေါ် သုံးဖြုန်းပေးရန် ဆန္ဒရှိသည်မှာ အထူးအဆန်းမဟုတ်ပေ; သို့သော် ထိုအမျိုးသမီးထံ ဂရုတစိုက်ရှိပေးသည်ကား သူတို့အတွက်တော့ ဖြစ်တောင့်ဖြစ်ခဲပင်။
YOU ARE READING
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း
RomanceThis is not my own.. Totally Credited to original author.. .......... Title - Return of the Goddess Chapters - 106 Completed .........