Love is Trap

129 18 5
                                    

အရှင့်သားသာ ကျွန်တော်မျိုးကို ပြန်မချစ်ရင် ရူးသွားနိုင်လောက်တယ် အရှင့်သားရယ်

အရှင့်သားရဲ့ စိတ်ဆန္ဒအစုံကိုသိချင်မိတယ်အရှင့်သားရယ်

ကျွန်တော်စိတ်အစုံ နှလုံးသားတစ်စုံဟာ အရှင့်သားတစ်‌ယောက်တည်းအတွက်ပါဘဲ

မြတ်နိုးရပါသောအရှင့်သားရယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~

ညနေနေ၀င်နေပြီဖြစ်သည်။
ပြန်ဖို့သင့်နေတာမို့အရှင့်သားကို နိုးရတော့မည်။ အိပ်နေသည်မှာ အပြစ်ကင်းလှသော ကလေးငယ် သဖွယ်။
မနိုးရက်ပေမဲ့နန်းတော်သို့ ပြန်ပို့ရပေ ဦးမည် မဟုတ်ပါလော။

အရှင့်မင်းသားမို့အသွားအလာကအစ ဂရုတစိုက်သွားရလာရမည်ဖြစ်သည်။

" NI-KIလေးထပါတော့ဗျာ။ ညနေနေတောင်၀င်‌ေနပြီ" ဟုEthanမှ လေသံလေးနှင့်နိုးလိုက်လေသည်။ သိပ်ချစ်လှပါသော ဤအမျိုးသားငယ်လေးအား လန့်မနိုးစေချင်ပါ။

"ဟင် အင်းးး "ဟု အသံပြုကာ အိပ်မှုန်စုံဖွာ မျက်လုံးများ ဖွင့်လာတဲ့ အရှင့်သားရယ်ပါ။

ဒီလိုမျိုးလေးကတစ်မျိုး စိတ်အာရုံကို ဖမ်းယူနိုင်လွန်းလို့ အကြည့်ပင်မခွာနိုင်လောက်ဖြစ်ကာ ရယ်ပါရယ်မိသည်။

"ဘာရယ်တာလဲ အရှင့်သားကိုများလှောင်စရာထင်နေလား"ဟု ဒေါသတစ်ကြီး အိပ်ချင်မူးတူး ရန်ပြန်တွေ့ပုံက ဘဲလေးက လာစွာနေသလိုပင်။ အဲဘဲနှုတ်ခမ်းလေးအား မြတ်နိုးလွန်းလို့ ငုံခဲထားချင်ပါဘိ။

"မဟုတ်ပါဘူးအရှင့်သားရယ်။ အရှင့်သားလေးကချစ်စရာကောင်းလို့ပါ"

ဟုEvan ရယ်ရယ်မောမော ဆိုလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် NI-KI Evanကို ကြည့်လိုက်မိသည်။
ရယ်နေပုံလေးက မျက်လုံးများ မှိတ်ကျကာ အားရပါးရရယ်နေလေသည်။ Ethan၏ အသည်းပုံနှုတ်ခမ်းမှ ထွက်လာသောအပြုံးသည် ကမ္ဘာပေါ်ကမြင်နေရတဲ့ကြယ်စင်စုများထက်ပင် လင်းလက်နေသည့်အလား။

ခဏတာမျှငေးမောသွားကာ ရင်ခုန်သံမှာလည်းထိန်းမရအောင် တုန်မြည်နေသည်။ အလိုEvanများကြားသွားလေမလားဟု စိုးထိတ်မိပါသေးသည်။
Evanအပေါ်ခံစားချက်တစ်စုံတစ်ရာ ရှိနေပြီဟု NI-KIသူကိုယ်သူထင်လိုက်ပါသည်။

𝚖𝚊𝚛𝚎 𝙱𝚕𝚞Where stories live. Discover now