Worng Love

166 14 2
                                    

နန်းတော်တို့ရောက်သည်နှင့် စိတ်ညစ်စရာကစပါပြီ။ ကပွဲဟာ သူမလာလို့ဖျက်လိုက်ရသည်။

ဒါကိုကြိတ်ပြီးလည်း၀မ်းသာမိပါသည်။
ဟုတ်သည်။ ကျွန်တော်ဘ၀မှာ တော်၀င်မင်းသားဖြစ်ခဲ့ရတာ စိတ်အညစ်ဆုံးပါဘဲ။ လူတိုင်းအံ့ဩချင် အံ့ဩနေပေမဲ့ ကျွန်တော်ဘ၀ကို လွတ်လွတ်လပ်လပ် မနေရသည့်အတွက် ကျွန်တော် တော်၀င်မင်းသားမဖြစ်ချင်တော့ပါ။

(အရှေ့ပိုင်းမှာမရှင်းပြဘူးဆိုတာ နောက်ပိုင်းမှာထည့်ချင်လို့ပါ)

တော်၀င်စည်းကမ်းတွေဟာ များပြားလှလွန်းတယ်။ အဲ အထဲ အပြင်မထွက်ရအမိန့်ဟာဆိုးရွားလွန်းတယ် ထင်မိပါသည်။

ကျွန်တော်ဒီနေ့ Evanဆိုတဲ့ အစ်ကိုကြီးနဲ့စကားပြောခဲ့ရသည်ကို ရုတ်တရက်‌ေပျာ်မိသည်။ လွတ်လပ်သင့်ဟန် သာမန်အရပ်သားလို၀တ်စားထားတဲ့ Ethanဟာ ကျွန်တော်နာမည်မမေးခဲ့ရင် သူရဲ့ မျိုးရိုးကို မသိရသည့်အပြင် စစ်သူကြီးသားလို့ပင် ထင်မိမယ်မထင်။ အရမ်းနာမည်ကြီးတဲ့ Evan နတ်ဆိုးလို ဆိုးသွမ်းတဲ့ ဘုရင်ကို သတ်နိုင်ခဲ့တဲ့ Evan အရမ်းတော်လှပါဘိ။

ဒါပေမဲ့ သူလည်း အကြီးအကျယ် ထိခိုက်ဖူးတယ်ကြားမိသည်။ ဒါကြောင့် အနာတွေပြန်ဖော်သလို ဖြစ်မှာဆိုးလို့ မမေးမိခြင်းသာ။ ဒီနေ့ အရမ်းတွေ့ချင်နေပါသော Evan Leeကိုတွေ့လိုက်ရသည်မို့ ကျွန်တော်လည်းပျော်မိပါသည်။

ဖခမည်းတော် ပြောပြောနေကြ အရမ်းတော်သော သူဟာ အခုလိုနှိမ့်ချတတ်မှန်းမသိခဲ့ပါ။

ကျွန်တော် ပျော်နေသည်မှာအမှန်။ ထိုညက အဆူခံလိုက်ရပါသည်။ ဒါပေမဲ့ Evan Leeနဲ့ ဆုံခဲ့ရသည်ကား ပျော်စရာမဟုတ်ပေလား။ နောက်လည်း ထပ်ဆုံချင်ပါသေးတယ်။ ရုတ်တရက်ကြောက်ပြီး ထွက်ပြေးချင်လာတာဘဲ သိလို့ မင်းသားတို့ ဣန္ဒြေကိုထိန်းကာ ထွက်လာလိုက်သည်။

ထိုညရဲ့ကောင်းကင်ယံဟာ တောက်ပလို့နေတယ်။ တစ်ဖက်က အကောင်းစား အိပ်ရာပေါ် အိပ်စက်အနားယူနေတဲ့ အပြုံးလှလှနဲ့အိပ်နေတဲ့ ကောင်လေးရယ်

ထိုကောင်လေးအကြောင်းကို တွေးပြီး အိပ်ရာ၀င်ခဲ့နဲ့ကောင်လေးရယ်

𝚖𝚊𝚛𝚎 𝙱𝚕𝚞Where stories live. Discover now