သူရကန်စက်နေမင်းကလည်း Calmest
တိုင်းပြည်ဆီကို အဝါရောင်နေခြည်ထွေးထွေးလေးကိုဖြာချစေပြီး မနက်ခင်းအလှကိုဖော်ကြူးနေသည်။ထိုနေရောင်ခြည်စတင်ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထို တိုင်းပြည်ရှိပြည်သူတို့သည် သူတို့ကိုယ်ပိုင်လုပ်ငန်း
တွေကိုယ်ဆီလုပ်ကိုင်နေကြကာ
Calmest တိုင်းပြည်ရဲ့မနက်ခင်းဈေးဟာ ဆူညံလျက်ရှိသည်။နေရောင်ခြည်နွေးနွေးက နူးညံ့စွာအိပ်မောကျနေတဲ့ အရှင့်သားမျက်နှာပေါ်ကျလာခဲ့သည်။
အရှင့်သားလည်းနေထိုးလို့မနေနိုင်ဝော့ဘဲ ထလာရလေသည်။ ညက ကာလန့်ကာ မပိတ်ခဲ့တာကြောင့်ဖြစ်မည်။
အရှင့်သားလည်း နေလာရာ အလင်းဘက်ကို ထွက်ကာ မနက်ခင်းရဲ့အလှကိုခံစားနေသည်။ မနက်ခင်းလေပြည်နုနုလေးက အရှင့်သားမျက်နှာချောချောကိုဖြတ်တိုက်သွားကာ အရှင့်သားလည်း အေးခနဲခံစားလိုက်ရသည်။
ထို့နောက် နီခီ ညကအီဗန်ပြောတာတွေ ကိုသတိရကာ ပြန်လည်တွေးတောမိသည်။ အီဗန်သူကိုသဘောကျနေသည်တဲ့လား။ ဒါကဘယ်လိုခံစားချက်လဲမသိပေမဲ့ သူအီဗန်ကို သဘောကျနေပေမဲ့ မဖြစ်နိုင်ဘူးဆိုတာ သိနေမိတယ်။
တိုင်းပြည်မှာက ယောကျာ်းချင်းကြိုက်ခွင့်မရှိဘူးဆိုတာ ဥပဒေမှာရေးဆွဲထားပြီးသား။
အီဗန်ကိုဒုက္ခမရောက်စေချင်ဘူး။
အဆင်ပြေမယ်ထင်ရတဲ့အရာတွေက တစ်ခါတစ်လေတော့လည်းခက်ခဲသား
နီခီအတွေးတွေထဲနစ်မျောနေတာ အနောက်က အီဗန်ခေါ်တာကို မကြားမိသည်အထိဘဲ။
"အရှင့်သား အရှင့်သား။ ဘာတွေများအဲလောက်တွေးနေတာလဲ ကျွန်တော်မျိုးခေါ်တာလည်းမကြားပါလား"
ထိုအခါမှနီခီလည်းအတွေးတွေကြားမှ ရုန်းထွက်ရင်း အီဗန်ခေါ်ရာဘက်ကို မျက်နှာမူကာ
"ဟင် နိုးပြီလား အစ်ကို။ ဒီတိုင်းအတွေးတစ်နေလို့ပါ"
အီဗန်လည်းသူထပ်အနည်းငယ်အရပ်ကွာခြားတဲ့ အရှင့်သားနီခီနားကပ်လိုက်ပြီး
"ဟူးးးးးးးးး အရှင့်သားပြန်ချင်နေတာလား"
နီခီထိုအမေးအားအလိုမကျစွာမျက်မှောင်ကြုတ်မိပါသည်။ နန်းတော်ထဲမနေချင်သူတစ်ယောက်ကို ပြန်မလာမေးတာကမဟုတ်သေးဘူးမလား။
