Part - 3

179 22 4
                                    










Dancing roomထဲအကလေ့ကျင့်နေရင်း မှန်ထဲကနေ Hyung ရောက်လာတာကိုမြင်လိုက်တာမို့ မှန်ကနေသာအချက်ပြရင်း စောင့်ခိုင်းလိုက်ရသည်။ကကွက်တွေကို သေချာလေ့ကျင့်ပြီးနောက် တီးလုံးပိတ်ကာ Hyungနားသွားတော့ ရေဘူးနဲ့တံပါတ်ကမ်းပေးလာသည်။

" Chanyeolနဲ့ သီချင်းညှိပြီးပြီလား "

" ပြီးပြီ ကျွန်တော်ကြိုက်တဲ့တစ်ပုဒ်ရွေးထားတယ် "

" ဟုတ်ပြီ မနက်ဖြန်အိမ်လာခဲ့ ဒယ်ဒီကညစာအတူစားကြမယ်တဲ့ "

" ဟုတ် "

K Entertainment
ဒီCompanyက Kaiအဖေလက်ထက်တည်းကမတည်ခဲ့တာဖြစ်သည်။ဒယ်ဒီကသီချင်းရေးဆရာတစ်ယောက်မို့ သူငယ်ငယ်တည်းကအသံသွင်း ၊ သီချင်းဆိုတာတွေနဲ့ရင်းနှီးနေပြီဖြစ်သည်။ဒယ်ဒီကိုယ်တိုင်ကလည်း သူကြီးလာရင် အဆိုတော်လုပ်မယ်ဆိုတဲ့ စကားကိုမကန့်ကွက်ခဲ့။

နာမည်ကြီးတေးရေးဆရာတစ်ယောက်ရဲ့သားမို့ အခွင့်ထူးခံဖြစ်မှာဆိုးလို့။Companyမှာ CEOရဲ့ သားလို့မပြောဘဲ auditionဝင်ခိုင်းခဲ့သည်။audition အဆင့်ဆင့်ဝင်ရင်း နောက်ဆုံး Top 1ထိချိတ်ပြီး Companyမှာလေ့ကျင့်ရင်းဆင်းရသည်။

မာမီကလည်းမငြီးငြူဘဲ အနောက်ကနေသူ့ကိုပံ့ပိုးကူညီပေးသေးသည်။ဒယ်ဒီကCompanyကအနားယူပြီးနောက် သူ့ရဲ့သားကြီးဖြစ်တဲ့
Kim Junmyeon ကဆက်ခံသည်။
CEOအသစ်မိတ်ဆက်ပွဲကျမှသာ သူကဒယ်ဒီသားဖြစ်ကြောင်း သိကြတော့ လူတွေအကုန်လုံးအံ့သြသွားကြလေသည်။

" Kai သွားကြမယ်လေ "

" ဟုတ် Hyung "

ကွန်ဒိုဝင်ကာ ရေချိုးပြီးတာနဲ့ Hyungပေးထားသော အဝတ်အစားလဲကာ ရှိုးတစ်ခုကိုသွားရတော့သည်။နားချိန်တွေမရှိပေမယ့် ကိုယ်ချစ်ရတဲ့အလုပ်ဖြစ်သလို ကိုယ့်ကိုချစ်တဲ့သူတွေကိုလည်း အကောင်းဆုံးတွေချပြပေးချင်တာကြောင့် ပင်ပန်းပေမယ့်လည်း ပျော်ရပါတယ်။

Sehunတစ်ယောက် အဒေါ့်ကိတ်ဆိုင်မှာအချိန်ပိုင်းအလုပ်ဝင်လုပ်ရင်း albumဝယ်ဖို့ စုနေရသည်။အမေတို့ကတောင်းရင်ပေးပေမယ့် သူကတော့ ကိုယ့်ပိုက်ဆံနဲ့သာဝယ်ချင်သည်။albumတစ်ချပ်ဝယ်ပြီးပေမယ့် နောက်ဗားရှင်းပါ ထပ်ဝယ်ချင်တာကြောင့် စုနေရသည်။

𝘔𝘰𝘳𝘦 𝘛𝘩𝘢𝘯 𝘞𝘰𝘳𝘥𝘴Where stories live. Discover now