~ ၁၁ ~

123 16 0
                                    

[ Unicode ]
-----------------

ထိုသူပြောခဲ့တဲ့စကားများကြောင့် ရန်ကုန်ပြန်ရမလားဆိုပြီးတွေဝေနေသောတည်တံ့ကို ဦးခွန်နောင်ကစိတ်ဓာတ်မကျဖို့အားပေးရှာသည် ။ မျှော်လင့်မထားမိသောအရာကတော့ ဦးခွန်နောင်ကိုယ်တိုင်တည်တံ့ရှိတဲ့တောင်ကြီးမြို့သို့ရောက်လာပြီး Gladious စားသောက်ဆိုင်ကို သူကိုယ်တိုင်ပါအတူတူလိုက်ခဲ့ပေးခြင်းပင် ။

သဲလွန်စတွေကိုတစ်ယောက်တည်းရှာဖွေနေတာထက် လေးလေးကိုသိတဲ့သူကိုယ်တိုင်ဘေးမှာကူညီပေးနေတာက ပို၍ကျွန်တော့်ကိုအားတက်စေတာတော့ဝန်ခံရမည် ။

ယခုလည်း ၂ ယောက်သားစားပွဲမှာမျက်နှာချင်းဆိုင်ထိုင်ရင်း နေ့လည်စာမှာစားလိုက်သည် ။

" ဦးကိုအရမ်းအားနာတာပဲ … ဒီအထိကျွန်တော့်ဆီကိုတကူးတကလိုက်လာပေးတဲ့အတွက်ကျေးဇူးလည်းအရမ်းတင်တယ် … ကျွန်တော့်ခေါင်းတွေတအားရူပ်ထွေးနေတာဗျ … ငါဒီမှာဆက်ရှိလို့ကောသင့်တော်ရဲ့လား  ရန်ကုန်ကိုပြန်သွားသင့်ပြီလားဆိုတာ ဝေခွဲရခက်ကုန်တယ် … ဦးသာဒီကိုမရောက်လာရင် လေးလေးကိုရှာမဲ့ကိစ္စကအမြန်ဆုံးလက်လျှော့မိသွားမှာ သိပ်မလိုတော့ဘူး "

" ဦးလည်းတကယ်ပဲမင်းနဲ့မောင်သက်ဆိုင်ကိုပြန်ဆုံစေချင်လို့ပါ … ဦးရဲ့ရွာကိုရောက်လာခဲ့တဲ့ ၁၀ စုနှစ်တစ်ခုစာနီးပါးအထိ သူတစ်ယောက်တည်းအဖော်မဲ့နေခဲ့တာ … နှစ်တွေဘယ်လောက်ပဲကြာကြာ အနည်းဆုံးတော့သူ့မိသားစုဝင်တစ်ယောက်ကသူ့ကိုလာပြန်ရှာခဲ့တယ်ဆိုတဲ့အသိကိုခံစားသွားစေချင်လို့ … ဒါမှ မောင်သက်ဆိုင်လည်းသူ့ကိုလူတိုင်းကပစ်ပယ်ထားတယ်ဆိုတဲ့အတွေးကိုမေ့ဖျောက်ပစ်လို့ရမှာပေါ့ … ကျန်နေသေးတဲ့သူ့ဘဝသက်တမ်းတစ်လျှောက်လုံး မိသားစုဆီကအသိမှတ်ပြုမခံရတဲ့လူအဖြစ်နဲ့မကုန်ဆုံးရတော့ဘူးပေါ့ကွယ် … ဦးမှာသူ့အတွက်အဲ့စေတနာတစ်ခုပဲရှိပါတယ် … ဘာကြောင့်ဆို သူ့ရဲ့ဘေးမှာအစ်ကိုတစ်ယောက်လို ဆိုးတူကောင်းဖက်အနေနဲ့နေခဲ့ရတော့သူ့ရဲ့စိတ်ကိုကောင်းကောင်းသိနေလို့ ကောင်လေးရဲ့အစီစဉ်မှာဦးဘက်ကတတ်နိုင်သမျှအစွမ်းကုန်ကူညီပေးနေမိတာ … နောက်ပြီး ဦးကောမောင်သက်ဆိုင်နဲ့ထပ်တွေ့ချင်သေးတယ်လေ "

ဝေး ( ongoing ) ေဝးWhere stories live. Discover now