Part-10

5.8K 353 47
                                    

Zawgyi

*ဘုတ်!!*

အခန်းထဲကအသံတစ်ခုကြောင့် ထယ်ယောင်းနိုးလာသည်။ အသံလာရာကိုကြည့်မိတော့ ပြုတ်ကျနေတဲ့စာအုပ်နဲ့အတူ ဂျီမင်ကသူ့ကိုပြူးပြူးကြီးနဲ့ ကြည့်နေလေသည်။

"ဂျီမင်း~~ဘာရပ်လုပ်နေတာတုန်း~~"

ဗလုံးဗထွေးနဲ့ပြောနေတဲ့ ထယ်​ယောင်းဟာအိပ်ချင်မူးတူးဖြစ်နေတုန်း...
ဂျီမင်ကပြန်မဖြေ ထိုအတိုင်းသာရပ်ကြည့်နေဆဲ..

"ဟင်း~~ထယ်..."

သူ့ကိုလာဖက်တဲ့လက်တစ်ဖက်ကို ထယ်ယောင်းပြန်ကိုင်လိုက်သည်။
ပြီးမှ သတိပြန်ရပြီး ဘေးကိုကြည့်တော့ ဝတ်လစ်စလစ်နဲ့ အိပ်ပျော်နေတဲ့ဂျောင်ကု
အရှေ့ကိုပြန်ကြည့်တော့ သူတို့ကိုမျက်လုံးပြူး၍ ကြည့်နေသောဂျီမင်...
ထယ်ယောင်းခေါင်းကြီးသွားသည်။

ဂျောင်ကု အိပ်နေရင်းထယ့်ကိုကြည့်မိတော့ မျက်လုံးကြီးပြူးပြီး ရှေ့ကိုကြည့်နေသည်။
ဂျောင်ကုထယ်ယောင်းကြည့်နေတဲ့နေရာကိုကြည့်တော့ ပတ်ခ်ဂျီမင်...
ဂျောင်ကုပါမျက်လုံးပြူးသွားသည်။

သုံးယောက်သား မျက်လုံးပြူး၍အကြည့်ချင်းဆုံနေတုန်း လေထုကိုဖြိုခွဲလိုက်တာက ဂျီမင်ရဲ့တုန်ရီနေတဲ့အသံ...

"ဟို..ဟို..အ..အ..အနှောက်အ..ရှက် ဖြစ်..ဖြစ်..ဖြစ်သွားရင် တောင်း..တောင်ပန်ပါတယ်..ဟို..ဟို သွား..လိုက်ဦးမယ်နော်"

ထိုသို့ပြော၍ ပြေးထွက်သွားသောဂျီမင်...
ဂျီမင်ထွက်သွားမှ ထယ်ယောင်းဂျောင်ကုဘက်ကိုလှည့်၍ တစ်ဘုန်းဘုန်းရိုက်တော့သည်။

"အဲ့တာ..မင်းကြောင့် မင်းကြောင့်"

"အာ့..နာတယ်ထယ်ရဲ့"

"ဘယ်လိုလုပ်မလဲ..သူများတြွေမင်သွားပြီ အီဟီး...ရှက်စရာကြီး...ဟင့် အဲ့တာ မင်းကြောင့်~~အီဟီး"

"သိသွားတော့လဲ ဘာဖြစ်လဲထယ်ရယ်...ပိုလွတ်လပ်သွားတာပေါ့ ပြီးတော့စောင်ခြုံထားတယ်လေ သူဘာမှမမြင်လောက်ပါ-"

"တော်ပါ!! ဘာမှလဲပြန်လုပ်လို့ရတော့မှာလည်းမဟုတ်ဘူး ပြန်တော့!"

"နမ်းပါရစေဦး"

"သွားပါတော့ဆို!! ပြန်တော့လို့ အီး.."

 The Mafia's Boyfriend Is The King(Complete)Where stories live. Discover now