Part-2

6.3K 484 48
                                    

Zawgyi

ထိုးကိုက်နေတဲ့ခေါင်းနဲ့အတူ မျက်လုံးများကိုအားယူကာဖွင့်ကြည့်မိတော့....
မရင်နှီးတဲ့ သစ်သားမျက်နှာကျပ်တစ်ခု..

"အာ...ကျွတ်ကျွတ်"

အားယူကာထထိုင်လိုက်တော့ လေးပင်ကာနာကျင်နေတဲ့ ခေါင်းကြောင့်မခံသာလှ
ဘာတြွေဖစ်ခဲ့လဲ အစပြန်ဖော်မိတော့....
သူကားအက်စီးရန့် ဖြစ်သွားခဲ့တာကလွဲလို့ သူဘယ်ကိုဘယ်လို ရောက်နေသည်ကိုမမှတ်မိ....

ဘေးကို စူးစမ်းစွာကြည့်မိတော့..
ဘာတွေလဲ...
အများအားဖြင့် သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေက သူနဲ့မရင်နှီးစွာ....
ပြီးတော့ အခု...သူအခုကြမ်းပြင်ပေါ်မှာအိပ်နေတာလား!!!
ဘာလဲ...ပြန်ပေးဆွဲခံရတာလား ဓာပြတိုက်ခံရတာလား ဘယ်သူငါ့ကိုဒီလို နုံချာချာအခန်းထဲမှာပိတ်ထားထာလဲ

တွေးရင်း..ဒေါသလည်းထွက် ဘာလုပ်ရမယ်မှန်းလဲ မသိဖြစ်နေစဉ် အရှေ့ကပွင့်လာတဲ့တံခါး....

ထို့နောက်အထဲကို ခေါင်းကြီးအောက်ဆိုက်ပြီးဝင်လာတဲ့ ညိုးငယ်နေတဲ့ မျက်နှာလေးနဲ့ လုံးတုံးတုံးကောင်လေးတစ်ယောက်

ထယ်ယောင်းထူးဆန်းစွာကြည့်မိသည်။
ထိုကောင်လေးဝတ်ထားတဲ့ပုံက ဂျိုဆွန်းခေတ်က လူတွေ ဝတ်သလိုကြိုးတွေနဲ့ရှုပ်ရှပ်ခက်နေတဲ့အဝတ်တွေ မင်းသားတွေမင်းသမီးတွေလို ပိုးထည်တွေတော့မဟုတ် ခပ်နွမ်းနွမ်းရယ်...

ယင်းကောင်လေးကသူ့ကိုမမြင်သေး....
ပြီးမှ..ခေါင်းလေး တဖြေးဖြေးမော့လာကာ သူ့ကိုလဲမြင်ရော....

"ထယ်ယောင်းဂီး....!!!!"

မျက်လုံးကြီးပြူးကာ အားပြဲကြီးနှင့်အော်၍ လူကိုအတင်းဖက်ကာငိုတော့သည်။
လူကအစတည်းကမှ နာနေပါတယ်ဆို ထိုဂျပုလုပ်လိုက်တော့လူက ဆွဲညစ်ခံလိုက်ရသလိုဖြစ်၍ ဆိမ့်တတ်သွားတော့သည်။

"အမလေး...သေပါပြီဟဲ့ နာတယ်!!မသာရဲ့"

"ထယ်ယောင်းဂီး...မင်းကငါ့ကိုဆဲတယ် အီဟီး...မင်းအဆင်မှပြေရဲ့လားကွာ...!!"

"ဟဲ့ဟဲ့ မငိုနဲ့လေ အော်..."

သူ့ရှေ့မှာ တင်မလိမ်ခွေလေးထိုင်၍ ရှိုက်ကြီးငင်ငယ်ငိုနေသော ဟာလေးကြောင့် ထယ်ယောင်းဘာလုပ်ရမယ်မှန်းကိုမသိတော့...

 The Mafia's Boyfriend Is The King(Complete)Where stories live. Discover now