Part-14

5.5K 429 37
                                    

Zawgyi

အရင်နေ့တွေနဲ့မတူစွာ...ထယ်ယောင်းရဲ့အခန်းကြီးဟာ ခြောက်ကပ်လျက်.. သူ့ရဲ့ရယ်သံလွင်လွင်တို့မရှိ ကျည်စယ်နေသော သူ့အသံတိုးတိုးလေးများမရှိ...

အရင်တုန်းကဒီချိန်ဆို... အရှင်ကသူ့အနားမှာဟုတွေးမိတော့..ကင်မ်ထယ်ယောင်းမပီသစွာ ဝင်လာတဲ့အတွေးတွေက အားငယ်သလိုလို... ဝမ်းနည်းသလိုလို ထယ်ယောင်း..မျက်ရည်များဝိုင်းလာမိသည်။

ဒီနေ့မှသွားတဲ့လူကို ဒီလောက်အချိန်လေးနဲ့လွမ်းနေတာ မဖြစ်သင့်ဘူးမဟုတ်လား...
ဒီပုံတိုင်းဆို နောက်နှစ်လကျော်ကို သူဘယ်လိုတင်းခံရမည်နည်း။

ထယ်ယောင်းစိတ်ကိုတင်းကာ စောင်ကိုခေါင်းမူးခြုံ၍အိပ်လိုက်ပေမယ့် ဂျောင်ကုရင်ခွင်လောက်မနွေးထွေးပေ...

ထယ်ယောင်းမှာ... ထိုအေးစက်စက်ညကြီးထဲ အဖော်မဲ့စွာအိပ်စက်ရဦးမည်။ သေချာပေါက် ဟိုအိမ်မက်ကြီးတွေလည်း ရောက်လာဦးမယ်လို့ တွေမိတော့ ပိုပြီးဝမ်နည်းလာသည်။

ထိုနေ့ညက ထိုအခန်းကျဉ်းလေးဟာ အရင်နေ့တွေကရယ်သံလွင်လွင်တို့အစား ကောင်ငယ်လေးတစ်ယောက်ရဲ့ ရှိုက်သံများနဲ့သာ ပြည့်နှက်နေခဲ့လေသည်။
----------------
"လိမၼော္သီးသခိုး.."

"ဘာ!!.."

"ခများကိုပြောနေလို့လား..."

"မင်း!!..ငါလုပ်လိုက်ရ မင်းသေမယ်နော်ဂျပု"

"သူကျတော့အရမ်းရှည်တာဆိုတော့"

"ဟက်...ရှည်မရှည်ကြည့်ချင်လို့လားကောင်လေး"

"ခများ!!"

"အား..!!တော်ကြပါတော့!!! နားတွေကိုညည်းနေတာပဲ!!"

အဆောင်ရှေ့ရှိကွပ်ပစ်ပေါ်မှာ တစ်ယောက်ကစာဖတ် တစ်ယောက်ကထိုင်ငိုက်နေရင်းနဲ့မှ ထရန်ဖြစ်နေတဲ့ဂျီမင်နဲ့ ယွန်ဂီကို ထယ်ယောင်းနားနှစ်ဖက်ပိတ်ကာ အော်လိုက်တော့မှ အသံများတိတ်ကြသွားသည်။

ဒါတောင်..တိုးတိုး တိုးတိုးအသံတွေက ထွက်နေတုန်း...

"စာဖတ်တယ် စာဖတ်တယ်နဲ့လူအထင်ကြီးအောင်ပြောပြီး... အပြာတွေထိုင်ဖတ်နေတဲ့ကောင်"

 The Mafia's Boyfriend Is The King(Complete)Onde histórias criam vida. Descubra agora