Part 12*

4.5K 299 10
                                    

ဉီးဇန် ဟန့်အား ချစ်ရေးဆိုထားခြင်းကို ဟန်က စိတ်ဆိုးတာမျိုးတော့မဟုတ်။ ဒါပေမယ့် အချိန်အခါရွေးပြီး ပြောသင့်သည်မဟုတ်လား။ အိပ်ရာနိုးနိုးချင်း လာပြောတဲ့ ဉီးဇန်က ဟန့်ကို တကယ်အလေးမထားတာပဲ။

ဟန် တွေးချင်ရာတွေးပြီး ပါးစပ်ကလည်း ပွစိပွစိပြောနေကာ ခုံတန်းငယ်မှာထိုင်ရင်း မြက်ခင်းပြင်အား ခြေထောက်ဖြင့် ထိုးဖွနေ၏။ ထိုစဉ် ဟန့်အရှေ့ရောက်လာသော ခြေတစ်စုံကြောင့် မော့မကြည့်သော်လည်း ဘယ်သူဆိုတာ တန်းသိနေ၏။

ရုတ်တရက်ဆိုသလိုပဲ ထိုလူဟာ ဟန့်ရှေ့ ဒူးတစ်ဖက်ထောက်ထိုင်လာပြီး မြက်ခင်း​အားထိုးဖွနေသည့် ဟန့်ရဲ့ ခြေအစုံကို လက်ဖြင့် ထိန်းချုပ်လာ၏။

" ဟန် "

ဒီလေသံအရ ဆူပူသည့်လေသံမျိုးလည်းမဟုတ်။ တားမြစ်သည့်လေသံမျိုးလည်းမဟုတ်။ တည်ကြည်ပြတ်သားသောအသံမျိုးနဲ့ခေါ်လာခြင်းဖြစ်သည်။

" ခေါင်းတွေ ဘာလို့ အတင်းငုံ့ထားရတာလဲ ။ "

" ............ "

" အတော်မှ စိတ်ဆိုးသွားတာလား ဟန်"

" ........... "

" ခြေထောက်တွေ ပေကုန်ပြီမလား။ တစ်ခုခုထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ ဟန် "

" ........... "

" ကိုယ့်ကို ကြည့် "

" ............. "

တဆက်တည်းမှာပဲ ဉီးဇန်ရဲ့ သက်ပြင်းချသံကိုကြားလိုက်ရသည်။ ဘာလဲ အဲ့တာဘာသဘောလဲ။ လူကို စိတ်မရှည်တာလား။ မခေါ်ဘူး ဒီလူကြီးကို တကယ်မခေါ်ဘူး။

" ကိုယ်က ဟန့်ကို ချစ်တယ်ဆိုတဲ့အကြောင်း ပြောပြတာက ဟန့်ကို မလွတ်မလပ်ဖြစ်စေချင်လို့မဟုတ်ပါဘူး။ အင်း ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်တော့လို့။ ကိုယ်က ဟန်နဲ့လက်ထပ်ထားတယ်ဆိုပေမယ့် ဟန့်ကို တရားဝင် မပိုင်ဆိုင်ရသလို ခံစားရတယ်။ "

" .............. "

" ကိုယ့်ကြောင့် ဟန် စိတ်ရှုပ်သွားရမှာကိုလည်း မလိုလားဘူး။ ဒါကြောင့် ကိုယ်ချစ်တယ်ဆိုတာလေးကိုပဲ သိထားစေချင်တယ်။ ကျန်တာက ဟန် ပေါ့ပေါ့ပါးပါးနေလို့ရတယ်။ "

DEARESTWhere stories live. Discover now