Part 26*

3.2K 249 5
                                    

ဉီးဇန်မှာ အရေးကြီးသည့်ကိစ္စ​ဖြစ်သည့်အတွက် ကိုယ်တိုင်ပါဝင်ဖို့ဖြစ်လာသော်ငြားလည်း စိုးရိမ်ကာ ကျန်ရစ်နေခဲ့သော အမျိုးသားငယ်ရဲ့မျက်နှာအား မြင်ယောင်ကာ စိတ်ကမဖြောင့်ပေ။ ဂရုစိုက်ဖို့ အထပ်ထပ်အခါခါမှနေသူအား ကတိပေးခဲ့ရသည်မှာ အကြိမ်ကြိမ် အခါခါ။

ဉီးဇန်အတွက် သာမန်ကိစ္စတစ်ခုဆိုသော်လည်း ဒီတစ်ခေါက် အမျိုးသားငယ်ပါလာတာကြောင့် သူ့မှာ စိတ်လေးနေမိသည်။

..................

ဉီးဇန် ထွက်သွားသည်မှာ အခုဆို ၅နာရီကျော်နေပြီဖြစ်သည်။ ဘာသတင်းအစအနမှလည်းမရတာကြောင့် ဟန့်မှာ နေမထိထိုင်မသာဖြစ်ကာ လမ်းသာလျှောက်နေမိသည်။

ဟန့်ရဲ့အနားထားခဲ့သော ကိုယ်ရံတော်နှစ်ယောက်မှာလည်း ဟန့်အား မျက်စိဒေါက်ထောက်ကြည့်နေရသည်မို့ မအားရပေ။ ဒါ့အပြင် အိမ်အပြင်ဘက်ကြည့်ကာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသူနောက် သူတိူ့နှစ်ယောက်မှာလည်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရပါ၏။ ထိုစဉ်

Ring!!!

ဧည့်ခန်းထဲ ဖုန်းမြည်သံကြောင့် သုံးယောက်သား တစ်ပြိုင်တည်း ဖုန်းစီသို့အာရုံရောက်သွား၏။ Cmiv ရဲ့ အဓိက အသုံးပြုတဲ့ဖုန်းဖြစ်တာကြောင့် ကိုယ်ရံတော်တစ်ယောက်က အလျင်အမြန်ပင် ဖုန်းအားပြေးကိုင်၏။

" Hello "

" ........ "

" ဗျာ! "

ထိတ်လန့်သွားပုံရသော အသံကြောင့် ဟန်မှာ သိချင်စိတ် ပိုပြင်းပြလာ၏။

" ဟုတ်ကဲ့ ဟုတ်ကဲ့ "

ဖုန်းချသွားပြီဖြစ်တာကြောင့် ဟန် သိချင်စိတ်ဖြင့် မေးမိသည်။

" ဘယ်သူလဲဟင်။ ဉီးဇန် ဖုန်းဆက်တာလားဟင်။ "

" ဟို ခေါင်းဆောင် ဆက်တာပါ။ "

" အဆင်ပြေတယ်တဲ့လား။ ထိခိုက်သွားသေးလား။ "

" ဟိုလေ အဲ့တာက "

" ကျွန်တော့်ကို အမှန်တိုင်းပြောပြပါနော်။ "

" အခုသွားတဲ့ ကိစ္စက အောင်မြင်တယ်တဲ့။ ပြီးတော့ ခေါင်းဆောင်က "

DEARESTWhere stories live. Discover now