~ ၁၂ ~

150 20 8
                                    

[ Unicode ]
-----------------
                                                          
ဒေါသများကြောင့်တင်းတင်းဆုပ်ထားတဲ့လက်သီးပင် တဆက်ဆက်တုန်ယင်နေသည် ။

ခုချိန်မှာ တည်တံ့စေဦးတည်သွားနေသောနေရာကတစ်ခုတည်းသာ ။ အနောက်ကနေ ဝေယံကော ဟိုကောင်လေးကကော ကျွန်တော့်ရဲ့ပုံစံကိုကြည့်ပြီးလိုက်မလာရဲကြ ။

စိတ်တိုလွန်းလို့ခေါင်းထဲကနေတောင် မီးခိုးငွေ့တွေတလူလူထွက်နေပြီလားအောက်မေ့ရမည် ။ မြင်မြင်သမျှအရာတိုင်းကိုလည်းအကောင်းမြင်စိတ်မရှိတော့ ။

သူဘာလို့အဲ့လိုလုပ်ရတာလဲဆိုတဲ့မေးခွန်းနှင့်အတူ တစ်စုံတစ်ယောက်ရဲ့ရိုးသားစွာဟန်ဆောင်ထားသောမျက်နှာတစ်ခုကဦးနှောက်ထဲမှာပေါ်လာ၍ နူတ်ခမ်းတွေပင်မဲ့ကျသွားသည် ။ မင်းသိပ်ကိုဟန်ဆောင်ကောင်းလွန်းတာပဲ ။

စားသောက်ဆိုင်ရဲ့ဘေးဘက်လမ်းကြားကနေကွေ့ဝင်လာတော့ အိမ် ၂ လုံးကိုတွေ့၏ ။ အဆောင်လိုပုံစံဖြစ်နေသောအိမ်ထက် ကျကျနနသီးသန့်ဆောက်လုပ်ထားသောတစ်ထပ်အိမ်လေးဆီသို့ခြေလှမ်းများကိုရွေ့ရင်း ။

ဒုန်း ! ဒုန်း ! ဒုန်း

အညိုရောင်ဆေးသုတ်ထားတဲ့တံခါးချပ်ကိုအားပြင်းပြင်းနဲ့ရိုက်ထုလိုက်သည် ။ ကြည့်ရတာ ဒေါသတွေကိုထိန်းချုပ်ထားရလွန်းလို့တံခါးအပေါ်မှာပုံချမိသလားပဲ ။

တော်တော်နဲ့ပွင့်မလာသေး၍ ဒုတိယအကြိမ်မြောက်တဝုန်းဝုန်းထပ်ထုလိုက်တော့မှ ကျွီဆိုသောအသံထွက်လာပြီးနောက်အရိပ်တစ်ခုဟာလည်းဘွားခနဲ ။

ကျွန်တော့်ကိုမြင်လိုက်ရတော့ သူတော်တော်အံ့သြသွားပုံပင် ။ ထို့နောက် မျက်နှာပျက်သွားတာကိုချက်ချင်းပဲဖုံးပစ်လိုက်ရင်း မှင်သေသေအမူယာနဲ့မေးလေသည် ။

" ခင်ဗျားကဘာလို့ဒီရောက်နေတာလဲ "

" မင်းကိုငါဘာလုပ်မိလို့လဲ "

" ဘာ "

" ဟင် ပြောလေ … မင်းအပေါ်မှာငါဘာလုပ်မိလို့လဲ "

ကျွန်တော့်ရဲ့စကားကိုနားမလည်သလိုမျိုးစိုက်ကြည့်ရင်းမျက်မှောင်ကြုတ်သွား၍ တည်တံ့လည်းရင်ထဲမှာသည်းမခံနိုင်တော့လို့အော်ဟစ်ပေါက်ကွဲပစ်လိုက်ပါသည် ။

ဝေး ( ongoing ) ေဝးWhere stories live. Discover now