ခရေလမ်း အပိုင်း ၇
(Unicode)
Background music
Shine _ဖြစ်တည်မှုစာမေးပွဲများနီးလာပြီဖြစ်၍ ကိုယ်ပိုင်စာကြည့်ချိန်ပေးသည့်အနေဖြင့် ပါချုပ်မှကျောင်းတစ်ပတ် စောပိတ်လိုက်သည်။
ထိုအချိန်တွေထဲ မြို့ထဲတွင်နေသော ဘုန်းနှင့်လင်းသူရ မတွေ့ဖြစ်ခဲ့ချေ ။ ဖုန်းဆက်ချင်ပေမည့် ဘုန်းတစ်ယောက်စာလုပ်တာ အနှောက်အယှက်ဖြစ်မည်ဆိုး၍ လင်းသူရ မဆက်ခဲ့။သို့သော် ဘုန်းအား သူတွေ့ချင်သည်။ လွမ်းသည်။ စာကျက်နေသည့်စိတ်ထက် လွမ်းနေမိသော စိတ်က ပိုများနေသောကြောင့် လင်းသူရသည် ဘုန်းနှင့် သူ၏ conversationကို အလွမ်းပြေဝင်ကြည့်လိုက်မိသည်။ ထိုအချိန် ရေငတ်နေသော လူ ရေတွင်းထဲကျသလို Activeဖြစ်နေသော ဘုန်း၏အကောင့်လေးကြောင့် ပျော်ရွှင်စွာ
*စာတွေရပြီလား*
ဟုပို့လိုက်ပြီး စာကိုမဖတ်မချင်း လင်းသူရရင်ခုန်စွာနှင့်စောင့်နေမိသည်။
လက်နှစ်ချောင်းထောင်ထားသောချစ်စဖွယ်ဘုန်း၏ profileလေးသည် သူ၏conversationအောက်ကျသွားလေပြီ။ လင်းသူရ၏ စာကို ဖတ်ကြည့်ပြီးသောကြောင့်
'seen ဖြစ်သွားပြီ 'စာကျက်တုန်းနှင့်မတူစွာ တက်ကြွသောအတွေးနှင့်အတူ လင်းသူရပြုံးလိုက်မိသည်။
တစ်ဖက်က စာရိုက်နေ၍ ကြားရသော *ကလုပ်ကလုပ် ဟူသောအသံသည် အခုမှ နားပျော်ဖွယ်ကောင်းသလိုလို လင်းသူရခံစားလိုက်ရပြီး ဘုန်း၏ messageလေးတစ်ကြောင်း ပေါ်ထွက်လာသည်။
*စာတွေကျက်ရလွန်းလွန်း သေမတက်ဘဲ ခုမှနားရတော့တယ်*စကားပြောရတွင် emojis လေးတွေမသုံးပေမည့် ဘုန်း၏ပျင်းတွဲတွဲပုံစံလေးက ခေါင်းထဲရောက်လာမိသည်။
*ဝိုး စာတွေအကုန်ပိုင် နေပြီပေါ့ ငါ့ကောင်ကြီးက*
*စာပိုင်မပိုင်တော့မသိဘူး သေချာတာကတော့ ငါ့ brain တော့ချောင်သွားပြီထင်တယ်*
"ဟစ်"
ဘုန်းနှင့် စာရိုက်ကတည်းကတည်းပြုံးနေသောအပြုံးသည် ဘုန်း၏စာသားတွေအောက်တွင် လင်းသူရတစ်ချက်ရီမိသွားသည်။
ESTÁS LEYENDO
"ခရေလမ်း" (Completed)