ခရေလမ်း အပိုင်း၅၃
(Unicode)
"မဖြေရှင်းဘူး ဒီကိစ္စက ဖြေရှင်းလဲပြီးမှာမဟုတ်ဘူး "
ပြတ်သားလှသည့် ဘုန်း၏စကားသံကြောင့် လင်းသူရ မျက်စိကို စုံမှိတ်လိုက်သည်။
အင်း..ဘုန်းမှ သူတို့အကြောင်းကို လျို့ဝှက်စေချင်ရင် သူလည်း....
"ငါတို့ ပေါ်တင်တွဲမှာ။ ဘယ်သူ့အတွေးတွေ၊ ဘယ်သူရဲ့ အမြင်တွေမှ အရေးမကြီးဘူး။ငါက လင်းသူရရဲ့ လက်ကို ငါရဲ့အလင်းရဲ့လက်ကို မြဲမြဲကြီး ဆုပ်ကိုင်ထားမှာ အဆုံးထိ"
ဘုန်းသည် ရုတ်ချည်း လင်းသူရ၏လက်ကို ကိုင်ကာ ပြောသည်။ကြီးမားပြီး ရှည်လျားသည့် လင်းသူရ၏လက်က ဖြူဖွေးနေသည့် ဘုန်း၏လက်ကလေးထဲမှာ ဆုပ်ကိုင်ခံထားရသည်။ မျက်တောင်တွေတောင်မခတ်မိပါဘဲ ဘုန်းအား ငေးစိုက်၍ ကြည့်မိပြီး တွဲယှက်ထားသောဘုန်း၏လက်ကို အားနှင့်ဆွဲ၍ ဘုန်း၏ကိုယ်လုံးလေးကို သူဖက်ထားမိလိုက်သည်။
"ကျေးဇူးပဲ။ ငါလည်း မင်းကိုပဲကြည့်ပြီး နေချင်မိပြီ ။ပတ်ဝန်းကျင်ဆိုတဲ့အရာကြီးကို မေ့ပြီးတော့ပေါ့"
"ဘာတွေကျေးဇူးတင်နေတာလဲ ငါကမင်းကောင်လေးပါ ။ဖြစ်လာသမျှကို ငါကာကွယ်ပေးမယ် သိပြီလား။ ဘာကိုမှတွေးပြီး စိုးရိမ်မနေနဲ့။ ငါကာကွယ်ပေးမယ် ။"
လင်းသူရ၏ပုခုံးကို ခပ်ဖွဖွလေး ပုတ်ကာပြောနေသော ဘုန်း၏စကားကြောင့် လင်းသူရ နှစ်နှစ်ချိုက်ချိုက်ပြုံးမိပြီး ဘုန်းကို ရင်ခွင်ထဲတွင်နင့်နေအောင်ဖက်ထားလိုက်သည်။
"ချစ်တယ် အရမ်းချစ်တယ်" တမာပင်မှရသည့်ရနံ့နှင့်အတူ လင်းသူရ တီးတိုးပြောလိုက်သည်။
"အဟမ်းအဟမ်း"
ချောင်းဟန့်သံကြောင့် လင်းသူရတို့ ဖက်ထားရာမှခွာလိုက်ပြီး ရွှန်းလဲ့အား အရှက်ပြေ ရယ်ပြလိုက်ရသည်။
"ဘယ်သူ့အမြင်ကမှ အရေးမကြီးလဲ ငါ့ရဲ့ အမြင်လေးတော့ ဂရုစိုက်ကြပါအုံး။ ရှေ့မှာတစ်ယောက်ထဲ တမာပင်ကြီးပဲ ဖက်ရတော့မလိုလို "
ရယ်သွမ်းသွမ်းပြောလာသော ရွှန်းလဲ့က တမာပင်ကို မျက်စပစ်ပြသည်။
VOUS LISEZ
"ခရေလမ်း" (Completed)