Part-1 [ အတိတ်ကိုပြန်လည်သတိရလာခြင်း ] (U&Z)

2.3K 141 8
                                    

‼️ စာပြန်ပြင်ရေးထားပါသည် ‼️

" ဟင်နရီ! သားငယ် ထတော့လေ..! "

" ဟုတ် ထပြီ မာမီ "

မာမီ လာနိုးတာကြောင့် အိပ်ရာထဲကနေ ကုန်းထလာကာ အပျင်းကြောဆန့်နေသော ဟင်နရီဆိုတဲ့ ကောင်လေးတစ်ယောက် ။ သူ့မျက်နှာမှာ အပြုံးလေးတွေ ဝေဆာလို့ ။ ချက်ချင်း ထလိုက်ကာ ရေချိုးခန်းထဲကို တန်းဝင်သွားတယ် ။ ခနအကြာ ပြန်ထွက်လာပြီး အမေပြင်ပေးထားတဲ့ အဝတ်အစားကိုဝတ်ကာ အိမ်အောက်ထပ်ကို ဆင်းလာတယ် ။

" မာမီ သားပြီးပြီ "

" လာ လာ မင်းဒယ်ဒီစောင့်နေတယ် ။
ထမင်းစားခန်းထဲမှာ သွားထိုင်တော့..! "

" မာမီ တစ်ခုခုမေ့နေသလိုပဲနော်...."

ချွဲတဲ့လေသံလေးနဲ့အတူ ပေကလပ် ပေကလပ် မျက်လုံးလေးများကြောင့် ဟင်နရီရဲ့မာမီမှာ တစ်ချက်ပြုံးရယ်မိသည် ။

" ဟားဟား ဟုတ်သားပဲ မာမီရဲ့ပူတူးလေးကို morning kiss ပေးဖို့မေ့နေတာပဲ! "

" ဟီးဟီး! "

ဟင်နရီရဲ့ နဖူးလေးကို အသာအယာလေး အနမ်းချွေလိုက်တယ် ။ ဟင်နရီဟာ အခု ၈နှစ်အရွယ်ပဲရှိသေးတဲ့ကောင်လေးငယ်တစ်ယောက်ပါ ။ အရုပ်ကလေးလို အသားလေးက ဖြူစွတ်ပြီး ကလေးရုပ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်ကလေးတစ်ယောက် ။ အမေရဲ့အမဲရောင်ဆံပင်နှင့်အတူ အဖေရဲ့အပြာ-အနက်မျက်လုံးဝိုင်းဝိုင်းလေးတွေကို ပိုင်ဆိုင်ထားတယ် ။

သို့သော် ချို့ယွင်းချက်‌လေးတစ်ခုက ဟင်နရီလေးရဲ့ခန္ဓာကိုယ်က ၈နှစ်အရွယ်နှင့် လိုက်အောင် မဖွံ့ဖြိုးပေ ။ အပြင်လူကြည့်ရင် အသက် ၅နှစ်အရွယ် ကလေးလေးနှင့်သာ တူနေသည် ။ ဒါပေမဲ့လည်း မြင်သူတိုင်း ချစ်ကြတဲ့ ကောင်လေးတစ်ယောက်ပါပဲ ။

" ကဲသွားတော့.! မင်းဒယ်ဒီစောင့်နေတာ အတော်ကြာနေပြီ ။ တော်ကြာ သူ့မှော်တုတ်တံကြီးထုတ်ပြီး မင်းကိုမီးတွေနဲ့မှုတ်နေဦးမယ် ။ "

" ခစ်ခစ် ဟုတ်! "

ဟင်နရီ ထမင်းစားခန်းထဲကို ပြေးသွားကာ သူ့ကိုထိုင်စောင့်နေသော ဒယ်ဒီကိုတွေ့လိုက်တယ် ။ ချက်ချင်း ဒယ်ဒီရဲ့ ပေါင်ပေါ်ကိုတက်ကာ ...။

" Don't Touch Our Baby " ( Ongoing )Where stories live. Discover now