Part-2 [ မျက်ဝန်းလေး ] (U&Z)

1.6K 130 14
                                    

After about three years later.....!

အခုဆိုရင် ဟင်နရီအသက်က 11 နှစ်ပြည့်သွားခဲ့ပြီ။ ကြားကာလတွင် အဖြစ်အပျက်တွေအများကြီးဖြစ်သွားခဲ့သည် ။ ဟင်နရီမှာ Dementor တွေတိုက်ခိုက်မှုကြောင့် သူမေ့လဲပြီးကတည်းက Sirius ကို အခုချိန်ထိ အရိပ်အရောင်တောင် ပြန်မတွေ့ရတော့ပေ ။

( ဟင်နရီ pov : ဟွန့် လူလိမ် )

ဟင်နရီ အတိတ်ကိုလည်း ပြန်သတိရနေပြီ ဖြစ်၍ ‌အနာဂတ်‌တွင်ဖြစ်လာမည့် အရာကို တွေးတောနေသည် ။ အကြိမ်ပေါင်းများစွာ ဖတ်ခဲ့သည့် အနှစ်သက်ဆုံး ဇာတ်လမ်းဖြစ်တာမလို့ ဒေါက်စိနေအောင် အကုန်မှတ်မိနေသည် ။

" အတိတ်ကိုပြန်မှတ်မိနေလို့ တော်ပါသေးရဲ့ ။ အခုလောလောဆယ် အဆင်ပြေသေးပေမယ့် အနာဂတ်ကျရင် ဖြစ်လာမယ့် ပြဿနာတွေကို ငါကြိုတင်ကာကွယ်ထားရလိမ့်မယ် ။ အထူးသဖြင့် ဟိုဂတုံး Voldemort ပဲ"

"ဟင်းးး"

ဟင်နရီသက်ပြင်းရှည်ကြီး ချလိုက်သည်။

ဟင်နရီ သူ့ရဲ့ ဖြူဖြူဖွေးဖွေး အနီရောင်သန်းနေ‌သော ပန်းနှစ်ဖက်ကို လက်ဝါးဖြင့် ဖျတ်ကနဲ ပြန်ရိုက်လိုက်သည် ။ ခေါင်းကိုတစ်ချက်ယမ်းခါလိုက်ကာ...။

( ဟင်နရီ pov: ဟီးဟီး! ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ငါမှော်ပညာတွေ သင်ခွင့်ရတော့မယ်ကွ..!! )

ဟုသာ စိတ်ထဲတွင် ပျော်ရွှင်မှုအပြည့်ဖြင့် ကျယ်လောက်စွာ အော်ဟစ်လိုက်သည် ။

ဒီနေ့ကျမှ ဟင်နရီ အင်္ကျီအသစ်လေးဖြင့် သပ်ရပ်နေသည် ။ တစ်အိမ်လုံးလည်း မီးများဖြင့် လင်းထိန်နေသည်။ ဒီနေ့ ဟင်နရီရဲ့မွေးနေ့လေ ။ အိမ်တွင် ဟင်နရီရဲ့ မွေးနေ့ပွဲကို ပျော်ပျော်ပါးပါးကျင်းပနေကြသည် ။

ဟင်နရီ ဆိုသည့်နာမည် နှင့် ၁၁နှစ်ပြည့်‌မွေးနေ့ ဆိုပြီး ရေးထိုးထားတဲ့ မွေးနေ့ကိတ်မုန့်လေးတစ်လုံးကို စားပွဲပေါ်မှာ တင်ထားသည် ။ လက်ခုပ်တီးကာ မွေးနေ့သီချင်းကိုသီဆိုပြီး ဟင်နရီ ဖယောင်းတိုင်တွေကို မှုတ်လိုက်သည် ။

“Happy birthday ပါ ‌ဒယ်ဒီရဲ့ ဂျပုလေး ဟင်နရီ”

“ဟားဟား! ယားတယ်! ကလိမထိုးနဲ့လေ ဒယ်ဒီရ..!”

" Don't Touch Our Baby " ( Ongoing )Where stories live. Discover now