Part-3 [ အငိုသန်လေး ] (U&Z)

1.2K 112 9
                                    

"မာမီယို့~~"

"မရဘူး ဟင်နရီ မာမီတို့ အရင် စာကြည့်တိုက်သွားရမယ်"

"ဟင့်အင်း! အကောင်လေးတွေ အရင်သွားကြည့်မယ်ယို့~~ ပါးပါးကလည်း ကူပြောပေးဦးလေ!"

"မင်းအမေကို မင်းတောင်မနိုင်တာ ငါကဘယ်လိုပြောရမှာတုန်းဟ..?"

"ဟွန့် ပါးပါးက ဘာမှလည်း သုံးစားမရဘူး!"

ဟင်နရီ သူပါးပါးရဲ့ ကျောကုန်းပေါ်ကနေထိုင်ရင်း ပါးပါး ဆံပင်မွှေးကို စောင့်ဆွဲလိုက်တယ် ။

"အား အား နာတယ်!"

"ဟင်နရီ!!!"

မာမီ ဒေါသသံဖြင့် ထအော်လိုက်တော့မှ နှစ်ယောက်လုံး ငြိမ်ကျသွားတော့သည် ။

"ဒီကလေးကတော့ အလိုလိုက်ထားတာများလို့ ဆိုးနေတာပဲ အဲ့တာရှင့်လုပ်လို့ဖြစ်တာ..!"

"ငင့်! ငါနဲ့ဘာဆိုင်လို့လဲ?"

"ဆိုင်ဆိုင် မဆိုင်ဆိုင် ရှင့်နဲ့တူတူပဲ လျှာမရှည်နဲ့ သွားမယ်!"

သိုနှင့် မာမီရဲ့အာဏာဖြင့် သုံးယောက်လုံး စာကြည့်တိုက်သို့ရောက်သွားကြတယ် ။ ဟင်နရီလည်း ပါးပါးရဲ့ ကျောကုန်းပေါ်မှဆင်းကာ စာကြည့်တိုက်ထဲ လိုက်စပ်စုလေတယ် ။

"ဟင်နရီ အရမ်းအဝေး ကြီးမသွားနဲ့ နော်"

"ဟုတ် မာမီ!"

"စာအုပ်တွေ ကြည့်ပြီးရင် ချက်ချင်းပြန်လာ..!"

"ဟုတ် ဟုတ်!"

ဟင်နရီ သူ့မိဘတွေကို အာမခံချက်ပေးကာ တစ်ယောက်တည်း ပြေးထွက်လာသည် ။
စာအုပ်စဉ်တွေကများသလောက် စာအုပ်တွေလည်းအများကြီးပင် ။ ဟင်နရီတစ်ယာက် သူဖတ်ချင်တဲ့စာအုပ်များရှိမလားဟု ရှာရင်း အပေါ်ထပ်ဆီ ရောက်သွားတယ် ။ အပေါ်မှာ စာအုပ်တွေက ပို၍ပင် များပြားလှသည် ။

"အားးး ပလုတ်တုတ် ဘာကြီးတုန်း?"

ကြမ်းပြင်ပေါ်တွင်ကျနေသော စာအုပ်ကို ခလုတ်တိုက်မိသည်...။ ဟင်နရီ အနောက်ပြန်ကြည့်လိုက်တော့ ထိုစာအုပ်၏အဖုံးတွင် အလင်းရောင်များ တလတ်လတ်တောက်ပနေသည် ။

"ထူးဆန်းလိုက်တာ!"

ဟင်နရီ ချက်ချင်း စာအုပ်ကို ကောက်ကိုင်ပြီး ဖွင့်ကြည့်လိုက်သည် ။ ထိုအချိန်ပင် အလင်းများက စာအုပ်ထဲမှ ဆူးခနဲ ထွက်လာကာ သက်ဝင်လှုပ်ရှားနေသော မှော်ဆန်တဲ့ တိရစ္ဆာန်လေးတွေနှင့် သူတို့၏ အကြောင်းအရာတွေကို ရေးပြထားသည်။

" Don't Touch Our Baby " ( Ongoing )Where stories live. Discover now