EP30(U&Z)

2.3K 282 2
                                    

.[ U ]

ဒူးမိုင်၏အဆုံးသတ်မှုတွင် , သူတို့ကဇာတ်ညွန်း အသစ်များကို ပြင်ဆင်ပြီး ဝူဟန်းကုကိုတောင် ကုံဆွမ်ဆယ် အဖြစ် သရုပ်ဆောင်ဖို့
ထည့်သွင်းလိုက်တယ်၊ တနေ့ထဲမှာပဲသတင်းများစွာထွက်ပေါ်လာတဲ့အနေအထားကြောင့်
လုကျိုးနဲ့ ရှောင်ရီ့ ၏အနေအထားကို များစွာ
ဂရုစိုက်မနေကြတော့ဘူး၊ လီချမ်းကျန်း၏
ကုမ္ပဏီမှထုတ်ပြန်သည့် သတင်းများကိုသာ
အများစုကယုံကြည်ကြတယ်၊ဒူးမိုင်ကလည်း
မီဒီယာ ကုမ္ပဏီများထံ ဆက်သွယ်ကာအချို့သော သတင်းများစွာကိုထပ်မံဖြည့်စွက်စေခဲ့တယ်၊ များသော အားဖြင့်ရှောင်ရီ ၏သီချင်းများအကြောင်း ဖြစ်ပြီး အချိန်ကိုက်ပင် လီချမ်းကျန်းနဲ့ လုကျိုး တို့၏ပူးတွဲပွဲဦးထွက်သီချင်းအားရေးစပ်နေပြီးလုကျိုးကလည်း
ယခုရိုက်ကူးရေးအတွက် ပြင်ဆင်နေကြောင်း ဖော်ပြထားတယ်။

အဲ့ဒီနောက်ပိုင်းသူတို့ရဲ့ ပတ်သက်မှုကိုဘယ်သူကမှသံသယမရှိကြသလို နှစ်ဖက်လုံးကလည်း ဒါကို ပရိုမိုးရှင်းပုံစံအဖြစ် သာ ရှိနေကြတယ်၊ထိုမှတဆင့် ရှောင်ရီကလူအများရဲ့ အမြင်တွင် နေရာရဖို့ ဖြစ်လာခဲ့တယ်။

ဒီလိုပုံစံနဲ့ ပဲမုန်တိုင်းတစ်ခုကို ဖြတ်ကျော်
ပြီးနောက် လုကျိုးနဲ့ လီချမ်းကျန်းတို့ရဲ့ MVအမျိုးမျိုးကို တည်းဖြတ်ကာ ကြယ်တွေ
နဲ့ လတွေကို ရေတွက်ရင်း ဒရမ်မာထုတ်လွှင့်မည်ရက်ကို ခါးသီးစွာပဲစောင့်ဆိုင်းနေခဲ့ကြတယ်။

သုံးရက်အကြာ,လုကျိုး စာချုပ်တွင်လက်မှတ်ထိုးတယ်၊ရှောင်ရီ ကိုလည်း
စာချုပ်ချုပ်ဖို့ ဖိအားပေးခဲ့တယ်၊ဒီတခေါက်
လုကျိုး တစ်ယောက်ကလန်ကဆန်
မလုပ်တော့ဘဲ လီချမ်းကျန်းနှင့်တောင်သရုပ်ဆောင် ကြေးကို လျော့ယူကာအသာအကြည်နေပေးလာတာမို့ လုကျိုး
ဘာတွေတွေးနေလဲဆိုတာကို ဘယ်သူမှ
မသိနိုင်ခဲ့ ၊ရှောင်ရီ အိမ်ပြန်လာတာကိုလည်း
ဒေါသမထွက်ဘဲ ဒူးမိုင်လုပ်သမျှကိုသာ
ကြည့်နေခဲ့တယ်။

" တစ်ခုတော့အရင်ဆုံးကြိုပြောထားမယ်နော်, ကျွန်တော် လီချမ်းကျန်းနဲ့ မိုင်ဖု
မလုပ်ဘူးနော်"

" မင်းလည်း ဇာတ်ညွန်းကို ဖတ်ပြီးပြီပဲလေ,
အရမ်းကြီးလည်း မရှုပ်ထွေးပါဘူး, ပြီးတော့
ဒီ ပရောဂျက်က ဒေါ်လာသန်း100ထက်ပိုတဲ့
ရင်းနှီးမြုပ်နှံမှု!.အင်တာနက် ထင်ကြေးက
အရမ်း ပြင်းထန်နေမယ်ဆိုရင်တောင်,အသံတည်းဖြတ်သူတွေကို ပြဿနာဖြစ်စေနိုင်
တယ်မလား?"

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now