EP32(U&Z)

1.9K 275 2
                                    

.[ U ]

ဆရာဝန်တွေက တွန်းလှည်းအား ခွဲစိတ်ခန်းဆီသို့ အမြန်တွန်းထည့်လိုက်တယ်၊ရှောင်ရီ
ခွဲစိတ်ခန်း အပြင်ဘက်တွင်ထိုင်နေမိလျက်
သူ့တကိုယ်လုံးတုန်ယင်နေတယ်။ မောဟိုက်နွမ်းလျမှုနှင့်အတူ တကိုယ်လုံး ဗုန်းကနဲလဲကျမတတ် ခံစားနေရတယ်။ဒေါက်မြင့်ဖိနပ်စီးလျက်ပင် ဒူးမိုင်က ကော်ရစ်တာ
တလျှောက် ပြေးလွှားကာရောက်လာတယ်၊ထုတ်လုပ်သူလည်းရောက်လာခဲ့ပေမဲ့
ဘာကိုမှမပြောရဲကြဘူး။

" အခြေအနေဘယ်လိုလဲ?"

ဒူးမိုင်ရဲ့ အသံက တုန်ယင်နေတယ်။

" ပခုံးရိုးကျိုးသွားတယ်..."

ရှောင်ရီအနည်းငယ် ငြိမ်သက်လာပြီဆိုစော်လည်း တုန်ယင်နေဆဲရှိနေလျက်,

"ခေါင်းလည်း အပြင်းအထန်ထိခိုက်သွားတယ်...ဦးနှောက်အရည်စုသလိုဖြစ်သွား
တာမို့ ဒုံယန်း မြို့နယ်ဆေးရုံက ခွဲစိတ်မှု ပြုလုပ်ဖို့အဆင်မပြေတာဘူး...ဒီနေ့
နေ့လည်ပဲ ဒီကိုလွဲပြောင်းပေးလိုက်တယ်"

ဒူးမိုင်စပြီး ငိုပါလေတော့တယ်၊လင်းယော့က
သူ့အနီးတွင် နှစ်သိမ့်နေခဲ့ပြီးသူမအားပွေ့ဖက် နှစ်သိမ့်ရန် လူအများအပြားရောက်လာကြတယ်။ရှောင်ရီ လည်း အလွန်အမင်း ငိုနေရတယ်၊ထိုင်းနိုင်ငံသွားတုန်းကရခဲ့သည့် အဆောင်လက်ဖွဲ့လေးကိုသာလက်ထဲ၌
သူ့လက်ထဲ၌ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အရာအားလုံးအဆင်ပြေပါစေ,လုကျိုး အသက်မဆုံးပါးစေဖို့တိတ်တဆိတ်လေး ဆုတောင်းနေရတယ်။

" မိသားစုဝင်ဒီမှာလက်မှတ်လာထိုးပေးပါ"

ဆရာဝန်ထွက်လာပြီး ပြောတယ်၊

"ခွဲစိတ်မှု  မကြာခင်လုပ်ရတော့မယ်"

"မိသားစုဝင်တွေမရှိကြဘူး"

ဒူးမိုင်က ပြောလာတယ်,

" သူ့ အမေကလည်း နိုင်ငံခြားမှာ, ကျွန်မ
သူ့ဆီတော့ ဖုန်းဆက်ထားပြီးပြီ, ဒါပေမဲ့
သူလောလောဆယ် ရောက်မလာသေးဘူး"

လင်းယော့ : "ရှောင်ရီ...မင်းလက်မှတ်ထိုးလိုက်"

ဆရာဝန်က ရှောင်ရီကို သံသယဖြင့် စိုက်
ကြည့်လာတယ်,ရှောင်ရီ ဘောပင်ယူပြီး
မိသားစုဝင်နေရာမှာ နာမည်ရေးကာလက်မှတ်ထိုးလိုက်တယ်၊

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now