..[ U ]
ထို အချိန်အတောအတွင်း ဒူမိုင်တစ်ယောက်ကလည်း ဖုန်းတွေ အကြိမ်ကြိမ် ခေါ်နေတယ်၊
ရှောင်ရီ တစ်ယောက် အတွင်းခံဘောင်းဘီ
လျှော်နေရင်းမှ လေပွေအလား ဖုန်းဖြေရန်ပြေးထွက်လာလိုက်တယ်၊လုကျိုးကလည်း
အကြိမ်ကြိမ် ပွတ်တိုက်ဆေးကြောကာရေချိုးပြီးနောက် ရှောင်ရီအား ဖုန်းယူလာဖို့ပြောလာတယ်၊ဖုန်းလာတဲ့ ကိစ္စကဘာလဲဆိုတာကို အသေအချာအတိအကျသူသိချင်နေတယ်။"အားယိုး!"
လုကျိုး ပြောလာတယ်၊
" ဖုန်းမှာ ကပ်စီးစီးနဲ့ ဘာတွေလဲ !"
လုကျိုးရဲ့ လှပချောမောတဲ့မျက်နှာအား
ဖုန်းဖြင့် ထိကပ်လိုက်ချိန် ထူးဆန်းတဲ့ စေးကပ်ကပ်အရည်တွေကိုဖုန်းမှာတွေ့လိုက်ရတယ်။လုကျိုး ဖုန်းလက်ခံရရှိပြီးနောက် ရှောင်ရီက လုကျိုးရဲ့ အတွင်းခံကို လျှော်ဖို့ ပြန်လာလိုက်တယ်၊ဒူမိုင်ပြောလာတယ်၊
" ထောင်ပေါင်းများစွာသေလောက်အောင်အရေးကြီးတယ်၊ ကုမ္ပဏီကို အမြန် လာ ...ဒါရိုက်တာရော ထုတ်လုပ်သူ ရော
နှစ်ယောက်လုံးမင်းကို စောင့်နေတယ်"ထိုနေ့ရဲ့ နံနက်10နာရီလောက်အစည်းအဝေးခန်းမမှာ လုကျိုး တစ်ယောက်ရူးမတတ်ဖြစ်နေတယ်၊
"ကျွန်တော်...."
လုကျိုး အသေအချာလေး ပြောပြနေတယ်၊
"ဒါကလေ ကျွန်တော်ငြင်းနေတာ မဟုတ်ဘူး၊
ဒါပေမယ့် တကယ့်ကို ဘယ်လိုမှအဆင်မပြေလို့ပါ,ဒါရိုက်တာကော်""ဒါက...လုကျိုး?"
ထုတ်လုပ်သူက သူ့မျက်နှာကိုထောက်ဖို့ တွန်းအားပေးလာတယ်၊လုကျိုး အတော်လေး စိတ်ရှုပ်နေတယ်၊ သူမျက်နှာကို
ထိလိုက်ရာ ဖုန်းမှထိမိတဲ့ ရေတွေတောင်
ခြောက်သွားနေပြီ။ရှောင်ရီ :"......."
ရှောင်ရီ ကားမောင်းလာတဲ့ အချိန်တုန်းက
လုကျိုးမျက်နှာရဲ့ ညာဘက်ခြမ်းကို မမြင်ရတာမို့ သူ့ခေါင်းတစ်ခုလုံး မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားတယ်၊ဒါပေမယ့် အဲ့ဒါက လုကျိုးရဲ့ ဟာတွေပဲမို့ အရေးမကြီးဘူးလို့ တွေးမိတယ်။ လုကျိုးအတွက် wet tissueယူဖို့ သူချက်ခြင်းထွက်လာလိုက်တယ်။
أنت تقرأ
ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅
عاطفيةအနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ