ဒီတစ်ခါ review လုပ်ချင်မိတာက ဒုတိယမြောက် ဖတ်ဖူးတဲ့ Age Gap တစ်ပုဒ်ပါ။ ဇာတ်လမ်းက ကောင်းပေမယ့် views သိပ်မများလို့ ဘာလို့လဲတွေးမိသေးတယ်။သူက အပိုင်းလည်း တိုလို့ဖြစ်မယ်။ အပိုင်း ၉ပိုင်းနဲ့ Extra 10 ပိုင်း စုစုပေါင်း 19 ပိုင်းပဲရှိတယ်။
ဇာတ်လမ်းက ဦးလေးနဲ့ တူနဲ့ ဇာတ်လမ်းမျိုးပါ။ ခန့်ညားကြည်စင်လို့ ခေါ်တဲ့ လေးငယ် က ဂျီဂျီရဲ့ မွေးစားဦးလေးဖြစ်သလို အမွေထိန်းရှေ့နေတစ်ယောက်လည်း ဖြစ်တယ်။ မိုးသားကြည်စင်လို့ခေါ်တဲ့ ဂျီဂျီကတော့ အသက် ၂၆နှစ်ရှိပြီး ကိုယ်ပိုင် Bar တစ်ခုရှိတယ်။
အရမ်းကို ထက်မြက်လှတဲ့ ဂျီဂျီရဲ့အမေက သူ့ရဲ့မွေးစားမောင်လေးဘက်ကပါပဲ။
ဇာတ်လမ်း စစချင်းမှာ ဒိုင်ယာရီလို စကားပြောလိုနဲ့စထားတယ်။ လေးငယ် ပြောနေကျ စကားကတော့ "မင်းစိတ်ပူစရာကိစ္စရှိလား" ဆိုတာပါပဲ။
လေးငယ်က ဂျီဂျီ့ကို ဘယ်လောက်ချစ်သလဲဆို ဂျီဂျီ သူများကို ထိုးလို့ အချုပ်ခန်းဝင်ရတာကို သူ အာမခံလုပ်ပေးလို့ မရဘူးလဲဆိုရော ရဲစခန်းမှာ ရဲ့တွေရှေ့မှာပဲ သူများကိုထိုးပြီး သူပါ ရျီဂျီနဲ့အတူ အချုပ်ခန်းထဲလိုက်ဝင်ရော ...
ဒီ fic ထဲမှာ ဂျီဂျီက လေးငယ်ကို အမြဲတမ်း Beef Steak 🥩 လုပ်ကျွေးတာ က ဒီ fic ရဲ့ signature လေးဖြစ်မယ်ထင်တယ်။
ဇာတ်လမ်းကို အများကြီး မပြောပြတာက မဖတ်ရသေးခဲ့ရင် ဖတ်တဲ့အခါ ပေါ့သွားမှာစိုးလို့ပါ။ Main part တွေထက် Extra တွေကို ပိုကြိုက်မိတယ်။ ဖတ်ကြည့်လို့ နောင်တမရစေမယ့် fic ဆိုတာ ကိုယ် အာမခံတာမို့ မဖတ်ရသေးရင် ဖတ်ကြည့်ကြည့်စေချင်ပါတယ်။
https://www.wattpad.com/story/181137698?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=AsMyMind&wp_originator=reJwr60BkBNQDQ103qraZ0%2B7OIeZLnfN834cnuN6Su95U4JHiwO7eltef0gP5SJBlGeBmwk9KiwcvS%2FRJGMBfD3U6H06KlQNgXrDjGAHxPnOk%2BowDlpf7ude3GobyE5v
4th September 2022
YOU ARE READING
My BL Fiction Reviews 1
General Fictionကိုယ့် reading list တွေထဲမှာ ထည့်ထားတဲ့ BL Fiction တွေက မကြာခဏဆိုသလို ပျောက်သွားတတ်တယ်။ ကိုယ်ဟာ social media လည်း သိပ်မသုံးတော့ fic တွေကို အလွယ်တကူ ပြန်မရှာနိုင်ဘူး။ ကိုယ့်ဘာသာ ပြန်ရှာလို့ရအောင်ရယ်၊ ကိုယ်ကြိုက်တဲ့ fic လေးတွေကို ကိုယ့်ဘာသာ review ရေ...