ဒီ fic က ကိုယ် အိမ်ခေါ်ထားတဲ့ fic တွေထဲက တစ်ခုပါ။ ကိုယ် စစချင်းဖတ်တုန်းက 200K ကျော်ကျော်လေးကနေ စဖတ်တာ အခုတော့ Million Views ဖြစ်သွားပါပြီ။
စည်းတွေ၊ ဘောင်တွေ စောင့်စည်းရမှုတွေကြားကမှ မထိန်းနိုင်လောက်အောင်ကို ချစ်မိသွားကြတဲ့ ဇာတ်လမ်းမျိုးကို ဖတ်ချင်ရင် ဒီ fic ကို ဖတ်ကြည့်သင့်တယ်လို့ ညွှန်းပါရစေ။
တစ်ချို့ အခန်းတွေမှာ strongly adult scene တွေ ပါတာမို့ pure love ပဲ ဖတ်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ Mature အခန်းပါတာ ပိုသဘောကျတဲ့သူဆိုရင် ဒီ fic က ကွက်တိပါ။အဲ့လိုပြောလို့ တစ်အုပ်လုံး လူကြီးခန်းတွေပဲ ရေးထားတာတော့ မဟုတ်ဘူး။
ဘုန်းပြည့်ချမ်းဟန် လို့ခေါ်တဲ့ အသက် ၅နှစ်အရွယ်ကလေးလေးဟာ ဇာတ်လမ်းအစမှာပဲ ဆုံးသွားခဲ့တယ်။ အဖေ၊ အမေ နဲ့ အစ်ကို ဖြစ်သူဟာ ဖြေမဆည်နိုင်ခဲ့ဘူးပေါ့။ တစ်ရက် မိဘမဲ့ဂေဟာမှာ အလှူသွားလုပ်ရင်း ငါးတွေအေးမှာစိုးလို့ နွေးအောင် လုပ်ပေးချင်တဲ့ ကလေးလေးကို မျက်စိကျသွားခဲ့တဲ့ ကောင်လေးဟာ သူ့ညီလေးအစား မွေးစားဖို့ ပူဆာတော့တယ်။
အိမ်ရောက်တဲ့အချိန်မှာပဲ မွေးစားတဲ့ကလေးကို ဘုန်းပြည့်ချမ်းဟန်လို့ နာမည်ပေးပြီး ဆုံးသွားတဲ့ ကလေးနေရာမှာ အစားထိုးပြီး ချစ်ခဲ့ကြတယ်။
အဖြူရောင်ချစ်ခြင်းတွေ လွန်လွန်ကျွံကျွံ ဖြစ်လာတဲ့အချိန်မှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲ .... ဒီ fic မှာ seme ရဲ့ ပိုင်ဆိုင်လိုစိတ်ကြီးမှု၊ နှစ်ယောက်ကြားထဲက ချစ်ခြင်းမေတ္တာ၊ တပ်မက်မှု၊ ဖေးမကူညီမှု၊ ထောက်ပံ့ပေးနိုင်မှုတွေနဲ့ မိသားစု ချစ်ခြင်းမေတ္တာတွေကို မြင်တွေ့ရမှာပါ။Uke Strong ဖြစ်တာကြိုက်ပြီး ဆရာဝန် ဇာတ်လမ်းမျိုး ဖတ်ချင်တဲ့သူအတွက် ဒီ fic က reading list မှာ ထည့်ထားရမယ့် fic. တစ်ပုဒ်ပါ။
https://www.wattpad.com/story/198709107?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=AsMyMind&wp_originator=wIV5SJWUAh2wMvQ2Z7uFnGHpL%2B8eTU7Bs8%2FOc9BKtxazTzhQ6ZewQEJzHVBgAdKxcP9oTSncHmWUwj0p4fxN6o9doKKhNKaOMISiGQPU7cuvrpv%2BdoWw0qpmIHhR8KZP
YOU ARE READING
My BL Fiction Reviews 1
General Fictionကိုယ့် reading list တွေထဲမှာ ထည့်ထားတဲ့ BL Fiction တွေက မကြာခဏဆိုသလို ပျောက်သွားတတ်တယ်။ ကိုယ်ဟာ social media လည်း သိပ်မသုံးတော့ fic တွေကို အလွယ်တကူ ပြန်မရှာနိုင်ဘူး။ ကိုယ့်ဘာသာ ပြန်ရှာလို့ရအောင်ရယ်၊ ကိုယ်ကြိုက်တဲ့ fic လေးတွေကို ကိုယ့်ဘာသာ review ရေ...