ခုခေတ်မှာ ကောင်လေးချင်းချင်း ကောင်မလေးချင်းချင်း ချစ်ကြိုက်ကြတာကို စာဖွဲ့နေသေးမယ်ဆိုရင် ဒီထဲကလို နဂါး နဲ့ ယုန် ချစ်ကြိုက်ကြတာကိုရော ဘာပြောကြဦးမလဲ။
ဇာတ်ကြောင်းကို လိုတိုရှင်း ပြောရရင်တော့ အခုလက်ရှိခေတ်ကနေ သေသွားပြီး Parallel Universe ကို ရောက်သွားတဲ့ကောင်လေးနဲ့ သူ့ရဲ့ ကိုရွှေနဂါးအကြောင်းပါ။
သူရောက်သွားတဲ့ ကမ္ဘာဟာ အရမ်းကို ဆန်းပြားပြီး လူစင်စစ်ရယ်လို့ မရှိကြဘဲ ရိုးရိုး တိရိစ္ဆာန် နဲ့ လူအသွင်ပြောင်းနိုင်တဲ့ တိရိစ္ဆာန်ဆိုပြီး နှစ်မျိုးရှိကြတယ်။ ရိုးရိုး တိရိစ္ဆာန်တွေကတော့ အခုလက်ရှိချက်ပြုတ်စားသောက်နေကြတဲ့ တိရိစ္ဆာန်တွေလိုပဲ ဘာမှ မကွာပါဘူး။ လူ အဖြစ်ပြောင်းလဲနိုင်တဲ့ တိရိစ္ဆာန်တွေမှာတော့ မျိုးရိုးပေါ်မူတည်ပြီး အဆင့်ကွာခြားသွားပြန်တယ်။ မျိုးရိုးတိုင်းမှာ မှော်အစွမ်းရှိတဲ့သူနဲ့ မှော်အစွမ်းမရှိတဲ့သူတွေလည်း ကွဲတယ်။
စာရေးသူ သာသာကတော့ သေချာလေး တစ်ဆင့်ချင်း မျက်စိထဲမြင်အောင် ရေးထားတာမို့ ဖတ်နေရင်း ကိုယ်ပါ အဲ့ကမ္ဘာကို ရောက်သွားသလို ခံစားရစေတယ်။ ဟယ်ရီပေါ်တာလို မှော်ဇာတ်လမ်းမျိုးနဲ့ တရုတ်၊ ကိုရီးယား ရှေးခေတ် ကျောင်းသားပုံစံမျိုးတွေ ကြိုက်တတ်ရင်တော့ ဒီ Fic က သေချာပေါက်ဖတ်ကြည့်သင့်တဲ့ Fic မျိုးပါ။
နောက်တစ်ခုက ကိုယ့် crush ကို ကိုယ်ါဘက်က ရည်းစားစကားမပြောဘဲ crush ကို ရည်းစားစကား အတင်းပြောစေချင်တဲ့သူ။ ကိုယ့်ကို အရမ်းအချစ်ခံစေချင်တဲ့သူ။ ဘယ်ရတနာမဆို ရရင် ရသလို စုတတ်တဲ့ ကိုလောဘ။ အရမ်းကို ခွီရမယ့် fic မျိုးပါ။ ကျောင်းသားဇာတ်လမ်း ကြိုက်တဲ့သူတွေ သဘောကျမယ်ထင်ပါတယ်။
SE ဖတ်လိုက်မိလို့ လောင်နေရတာ ဖတ်လိုက်မိလို့ ၇ရက် ၇လီ အသည်းကွဲနေသူတွေရော စိတ်ပျော်ချင်လို့ ဖတ်ချင်တဲ့သူတွေအတွက်ရော ဖတ်ကြည့်သင့်တဲ့ Fic ပါ လို့ ...
Disclaimer : This is just my opinion and I don't know the author.
YOU ARE READING
My BL Fiction Reviews 1
Ficción Generalကိုယ့် reading list တွေထဲမှာ ထည့်ထားတဲ့ BL Fiction တွေက မကြာခဏဆိုသလို ပျောက်သွားတတ်တယ်။ ကိုယ်ဟာ social media လည်း သိပ်မသုံးတော့ fic တွေကို အလွယ်တကူ ပြန်မရှာနိုင်ဘူး။ ကိုယ့်ဘာသာ ပြန်ရှာလို့ရအောင်ရယ်၊ ကိုယ်ကြိုက်တဲ့ fic လေးတွေကို ကိုယ့်ဘာသာ review ရေ...