Part 2

3.1K 90 0
                                    

"မင်းသူငယ်ချင်းတွေကို ငါမေးကြည့်တော့ မင်း ဘာစာမှ ရသေးပုံမပေါ်ဘူးဆိုလို့၊ ခု ငါနဲ့ စာလုပ်ရအောင်"

ဒါက အရာအားလုံးရဲ့ အစဖြစ်သည်။ အဲဒီည စာသင်ပေးပြီး မနက် စာမေးပွဲဖြေဖို့ ကျောင်းလိုက်ပို့ပေးခဲ့သည်။ နောက်ညတွေတော့ ချမ်းငြိမ်းက သူ့အိမ်မှာ စာလိုက်လုပ်ရသည်။ စကားများများလည်း မပြောဖြစ်၊ ဘာရင်းနှီးမှုမှလည်း တကူးတက မတည်ဆောက်ရပေမယ့် စာလုပ်ရအောင် ဆိုတဲ့ စကားနောက်မှာ ချမ်းငြိမ်းဟာ သူ့အိမ်မီးဖိုခန်းမှာ ကော်ဖီဝင်ဖျော်သောက်ပြီး၊ စာမေးပွဲကာလတလျောက် သူ့ရေခဲသေတ္တာထဲ အပြည့်ဖြည့်ထားပေးတဲ့ မုန့်တွေကို အကြိုက်ယူစားပြီး၊ သူ့အိမ်ဧည့်ခန်းက ဆိုဖာပေါ် မှေးရင်း၊ သူ စိတ်ရှည်လက်ရှည် ရှင်းပြ ဖတ်ပြသော စာများကို ခေါင်းထဲ ရိုက်ထည့်ရင်း စာမေးပွဲကာလကို ဖြတ်သန်းဖြစ်ခဲ့သည်။ Final exam မဟုတ်တာမို့ စာလည်းမများ၊ အရှေ့မှာလည်း စာဖတ်ထားခဲ့တာမို့ ခုလို ဖိဖိစီးစီး သင်ပေးမယ့်သူရှိတော့ ချမ်းငြိမ်း စာမေးပွဲကို သေချာလေး ဖြေနိုင်လိုက်သည်။

နောက်ရက်တွေမှာတော့ ချမ်းငြိမ်းရဲ့ နေ့စဉ်ဘဝမှာ သူက ပါဝင်လာသည်။ မနက်စာစားဖို့ လာခေါ်တတ်သလို ကျောင်းချိန်တူလျှင် အတူတူသွားပြီး မတူလျှင် လိုက်ပို့တတ်သည်။ ညဖက်စားဖို့မုန့်တွေဝယ်ပေးထားတတ်သလို တစ်ပတ်မှာ လေးရက်လောက်တော့ စာလာသင်တတ်သည်။ ဒီလိုနဲ့ လေလွင့်နေသော ချမ်းငြိမ်းဘဝလေး မသိမသာ အသားကျလာသည်။

ရင်းနှီးခြင်းနဲ့ ချစ်ခင်စောင့်ရှောက်ခြင်းတွေနဲ့အတူ ရလာသော စိတ်လုံခြုံမှုလေးက ချမ်းငြိမ်းရင်ကို တသိမ့်သိမ့် ဖြစ်စေသည်။ တင်းကြပ်တဲ့ စည်းကမ်းတွေကြားက အသေးအဖွဲထိ ဂရုစိုက်မှု‌တွေနဲ့အတူ တနေ့နေ့တော့ အတည်ပြုနိုင်မည့် ဆက်ဆံရေးအနေနှင့် စိတ်ချယုံကြည်စွာ ပျော်ပျော်ကြီး အချိန်ကိုစောင့်နေခဲ့သည်။ အပျော်လွန်ပြီး ကျောင်းပြေးမိသော တစ်နေ့မှာ ချမ်းငြိမ်းနှင့်သူ တစ်ပွဲတစ်လမ်း အကဲစစမ်းခဲ့ရသည်။

မနက်က သေချာလိုက်ပို့ခဲ့သောကြောင့် ကျောင်းမှာပဲ ရှိနေရမည့် ချမ်းငြိမ်းသည် ကျောင်းလစ်လာပြီး လက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲ replay ပွဲ လာကြည့်နေသည်ကို နေ့ခင်းပိုင်း အတန်းချိန်မရှိ၍ အိမ်ပြန်လာပြီး လက်ဖက်ရည်ဆိုင်မှာ စာလာဖတ်သောအကိုကြီးက လွယ်လွယ်ပဲ မိသွားခဲ့သည်။ နားရွက်ပြတ်မတတ် ဆွဲလိမ်ခံရပြီးနောက် ချမ်းငြိမ်း ခပ်မှန်မှန် မောင်းသွားသော သူ့ကားနောက်မှ ဆိုင်ကယ်လေးကို သွက်သွက်မောင်းလိုက်လာခဲ့ရသည်။

Honey LemonWhere stories live. Discover now