Part 3 [Final part]

3.6K 100 5
                                    

"လှတယ် ကလေးလေး"

ထပ်မံကြားလိုက်ရသော ချီးကျူးစကားကြောင့် ချမ်းငြိမ်း ပြုံးမိသွားသည်။

အင်းလေ အဲဒီတုန်းက ပြုံးခဲ့ရသည်။ ပျော်ခဲ့ရသည်။ အဲဒီတုန်းက သူက အခု သူလို အလုပ်တွေ အတန်းတွေနှင့် မအားလပ်ဘဲ ချမ်းငြိမ်းကို ပစ်ထားသည့်သူမှ မဟုတ်တာ။

လွန်နေသော အတွေးတို့သည် ချမ်းငြိမ်းကို ဆွဲခေါ်သွားသည်။ ချမ်းငြိမ်း လိမ္မာတော့ကော၊ အလုပ်ကြိုးစားတော့ကော သူ့အတွက် ဘာများ အရေးပါနေလို့လဲ။ ချမ်းငြိမ်း သိပ်ကြိုက်သော ဘောလုံးပွဲကို သူမကြိုက်လို့ သိပ်မကြည့်ဖြစ်တော့ဘဲ အလုပ်ကြိုးစားနေတော့ကော သူက ချမ်းငြိမ်း လာပေးသော ပျားသံပုရာကိုပင် ချမ်းငြိမ်းမျက်နှာကို ကြည့်ပြီးမယူ။

ဘာမှအဓိပ္ပာယ်မရှိသလို ခံစားလာရတာကြောင့် ချမ်းငြိမ်း အလုပ်ကို ရမယ်ရှာသည်။ ဒီ report က မတင်လို့မဖြစ်ပေမယ့် အသည်းအသန်လည်း လုပ်ချင်စိတ်မရှိတော့။ ဒါကြောင့် နွားနို့တစ်ဘူးယူကာ ချမ်းငြိမ်းအတွက် သတ်သတ်ပေးထားသည့် အခန်းထဲ တံခါးကို ဂျက်ချ၊ လိုက်ကာတွေအလုံပိတ်၊ အဲကွန်း‌ကို အေးနေအောင်ဖွင့်ပြီး ‌လက်ပ်တော့ပ်နဲ့ ဘောလုံးပွဲ Live လွှင့်တဲ့ ချယ်နယ်တွေဆီ ရှာဖွေရင်း ဖွင့်လိုက်သည်။ စာအေးအေးဆေးဆေးဖတ်လို့ရအောင်၊ အလုပ်အေးဆေးလုပ်နိုင်အောင် ချမ်းငြိမ်းအတွက် သီးသန့်အခန်းလုပ်ပေးပြီး ကုတင်တစ်လုံးပါ ထည့်ပေးထားသော သူ့စေတနာကို ချမ်းငြိမ်း အလွဲသုံးစား လုပ်ပစ်လိုက်သည်။ အသံမထွက်အောင် နားကြပ်တော့ တပ်ထားရသည်ပေါ့။

ရလဒ်က အဲ့ညက report မရေးဖြစ်၊ မနက်ကျလည်း အလုံပိတ် အမှောင်ကျနေပြီး အေးစိမ့်နေသော အခန်းကြောင့် ချမ်းငြိမ်း အလုပ်မီအောင်ပင် မနည်းသွားရသည်။ ခါတိုင်း သူကျောင်းစောစောသွားလည်း ကိုယ့်ဘာသာ အိပ်ရာပုံမှန်ထတတ်သော ချမ်းငြိမ်းကြောင့် သူကလည်း မနှိုးခဲ့။ ဒီလိုနဲ့ ဆရာချမ်းငြိမ်းတို့ report deadline လည်းမမီ။ မနက်မှ ထရေးမည်ကြံသည့် report ကိုလည်း မရေးနိုင်။ ရုံးကိုလည်း သူရောက်ပြီးမှ ကမူးရှူးထိုးရောက်သွားပြီး တစ်နေ့လုံး သူ့မျက်နှာကို မကြည့်ရဲ၍ ပတ်ပြေးနေခဲ့သည်။ အိမ်ကျရင်လည်း တွေ့ရမှာပေမယ့် ရှောင်နိုင်သလောက် အချိန်ကိုဆွဲဆန့် ရှောင်ချင်သေး၍ သူနဲ့အတူမပြန်ရအောင် အလုပ်မပြတ်သေးသောသူ့ကို ပစ်ထားခဲ့ပြီး ရုံးဆင်းချိန်ရောက်တာနဲ့ တန်းပြန်ပြေးလာခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Sep 04, 2022 ⏰

Add this story to your Library to get notified about new parts!

Honey LemonWhere stories live. Discover now