- ဆုံးကမ္ဘာမြေသို့တိုင် -
သက်ဝေ ဖေဖေတို့ကို ရွှေတိဂုံဘုရား ၊ ဆူးလေဘုရားစသည့် ရန်ကုန်မြို့ပေါ်က ဘုရားတော်တော်များများကို လိုက်ပို့သည် ။ ထို့နောက်ညနေဘက်အထိနေ၍ မေမေချက်ကျွေးသည့် အိမ်ထမင်း အိမ်ဟင်းကိုစားပြီးမှ သက်ဝေ အေဝမ်းသို့ပြန်လာတတ်စမြဲ ။
ထွေးထွေးကိုလည်း ဈေးထဲသို့ခေါ်သွားကာ လိုချင်မျက်စိရှိမည့်အရာများကို သက်ဝေ လိုက်ဝယ်ပေးဖြစ်သည် ။ ထွေးထွေးနှင့်ဈေးဝယ်ရင်း ထွေးထွေးနှင့်မတိမ်းမယိမ်း မေရီ့ကိုပါ တစ်ချက်တစ်ချက် သတိရမိသေးသည် ။ ၅ ရက်လောက်ကြာတော့ ဖေဖေတို့ မန်းလေးသို့ပြင်ကြရန်ပြင်တော့သည် ။ သက်ဝေလည်း ဖေဖေနှင့်မေမေကို လက်ဆယ်ဖြာ ထိပ်မှာမိုး၍ အပြစ်ဟူသမျှဝန်ချတောင်းပန်ရင်း ရိုကျိုးစွာ ကန်တော့လိုက်သည် ။
" ငါ့သမီး သွားလေရာ ဘေးမထိ ဆူးမငြိဘဲ သူတော်ကောင်းတွေနဲ့သာ တွေ့ပါစေဗျား "
" ပေးတဲ့ဆုနဲ့ပြည့်ပါရစေ ဖေဖေ "
♡
မေရီနှင့်သက်ဝေ၏ဆက်ဆံရေးသည်လည်း မေမေတို့ကိုမိတ်ဆက်ပေးသည့်နေမှစ၍ တဖြည်းဖြည်းရင်းနှီးလာခဲ့သည် ။ မေရီလည်း ' မမသက်ဝေ ' ဟုခေါ်ရာမှ ယခုဆိုလျှင် ' မမဝေ ' ဟုခေါ်နေပြီဖြစ်သည် ။ မေရီက သက်ဝေညီမ ထွေးထွေးနှင့်အသက်သိပ်မကွာတာမို့ သက်ဝေအတွက်တော့ ညီမလေးတစ်ယောက်ထပ်ရလိုက်သလိုပါပင် ။
" မမဝေ ဒီနေ့ မမဝေ ဇာတ်ကားအတွက် သီချင်းစတက်မယ်ပြောမယ် သိသလား "
" သိတယ် မေရီ ဦးလေးစံတင်ပြောပြထားတယ် ။ ဘယ်လိုလဲ စိတ်လှုပ်ရှားနေပြီလား "
မေရီက ခပ်ဆဆလေးတွေးပြီးမှ သက်ဝေထံမှအကြည့်ကိုလွှဲကာ ဖြေလေသည် ။
" အင်း ... စိတ်မလှုပ်ရှားဘူးဆို မေရီညာရာကျမှာပေါ့ မမဝေရဲ့ ။ အရင် သီချင်းကြီးတွေဆိုတုန်းက တာဝန်ကြီးတယ်ရယ်ဆိုပေမယ့် မေရီနားလည်သလို ခံစားချက်ကိုထည့်ပြီးဆိုရင်ရတယ်လေ ။ အခုကကျ မမဝေပြောချင်သမျှ ခံစားချက်တွေ စကားလုံးတွေကို မမဝေရဲ့ကိုယ်စား မေရီက သီချင်းထဲကနေ ပေါ်လွင်အောင်ဆိုပြပေးရမှာဆိုတော့ တကယ့် အနှစ်သာရ မပေါ်မှာစိုးတယ် "
CZYTASZ
ချစ်သက်ဝေ