အပိုင်း (၂၇)

726 70 12
                                    

- ခိုင်ညှာတံ ပွင့်လန်း ပန်းသို့နှယ် -

၁၉၅၃ ဧပြီလ (၁၂) ရက်၊ မဟာသင်္ကြန်အကြိုနေ့။

" ဟယ် ပိတောက်ပန်းတွေ "

‌ဝေ အိမ်ပြန်လာလာချင်း ဧည့်ခန်းတွင် ပိတောက်ပန်းခက်များစွာနှင့်အတူ ချိုသာအေးမြသောအပြုံးဖြင့် ရပ်နေသည့် မေရီ့ကိုတွေ့လိုက်ရသည်။

" မမဝေအတွက် ရီကိုယ်တိုင်ခူးလာတာ "

" ကျေးဇူးပါပဲ ရီရယ် သိပ်လှတာပဲ "

" မမဝေ ဘယ်သွားနေတာလဲ ရီဖြင့်မနက်ကတည်း လာစောင့်နေတာ မမဝေကို ပိတောက်ဦးပန်ပေးချင်လို့ "

မေရီ့စကားကိုကြားသောအခါ မမဝေက အားတုံ့အားနာ အပြုံးဖြင့်

" အယ် မမဝေက ဥပုသ်ယူခဲ့ပြီ ရီရဲ့။ ၈ ပါးသီလခံထားတာ ပန်းပန်လို့မရဘူး "

" ဟင် "

" ဟုတ်တယ် ဒီကနေ့က ဥပုသ်နေ့လေ အဲတာ မနက်က ဘုန်းကြီးကျောင်းကို ဆွမ်းသွားကပ်ရင်း တစ်ခါတည်း သီလယူခဲ့တာ။ ဘုန်းကြီးကျောင်းကအပြန် ငါးလည်းသက်စေ့လွှတ်ခဲ့သေးတယ်။ အဲတာကြောင့်ကြာသွားတာ "

" ဒါဖြင့် ပိတောက်ပန်းတွေ ဘယ့်နှယ့်လုပ်မလဲ မမဝေရဲ့ "

" လွယ်ပါတယ်ကွာ ရီလည်း ကုသိုလ်ရအောင် ဘုရားလှူတာပေါ့ မဟုတ်ဘူးလား "

မမဝေက ပြောပြောဆိုဆိုဖြင့် ဘုရားစင်မှ ပန်းအိုးနှစ်အိုးကို ယူကာ ပိတောက်ပန်းများဖြင့် ဝေနေအောင်ထိုးလိုက်သည်။ အိမ်လယ်ခန်းရှိ ပန်းအိုးလေးတွင်လည်း ပိတောက်ပန်းများထိုးကာ အလှဆင်သည်။ ‌သက်ဝေ၏ အိမ်ကျဉ်းကျဉ်းလေးထဲတွင် မေရီ့၏မေတ္တာဖြင့်ထုံမွှမ်းထားသော ပိတောက်ပန်းရနံ့များ သင်းပျံ့ကြိုင်လှိုင်နေသည်။

" မနက်‌ဖြန်တော့ စောစောလာပြီးကို ရေလောင်းဦးမယ် "

" မနက်ဖြန် ရီ ဒီကိုမလာနဲ့လေ မမပဲ ရီ့ဆီလာခဲ့မယ် မုန့်လုံးရေပေါ်စားချင်ရဲ့ဆို ကြီးစောနဲ့တူတူ လုပ်ကျွေးမယ်လေ ပြီးတော့ သာကူပြင်ရော "

" အင်းပါ အဲတာဆိုရင် အိမ်က စောင့်ပြီးကို ရေလောင်းမယ် "

" သဘောပါရှင် သဘောပါ "

ချစ်သက်ဝေDonde viven las historias. Descúbrelo ahora