ကိုယ့်ကို မချစ်ဘဲ အသေအလဲမုန်းနေတဲ့သူကို ဘယ်လောက်ထိ ဘယ်ချိန်ထိ ဘယ်လိုမျိုးထိ ချစ်နိုင်မလဲ။
ကိုယ့်ဇာတ်လမ်းမှာ ကိုယ်သာဇာတ်လိုက်ဆိုပေမယ့်လို့ ကိုယ်ချစ်မြတ်နိုးရသူရဲ့ ဇာတ်လမ်းမှာ ကိုယ်ဟာ ဗီလိန်တစ်ယောက်ဖြစ်နေခဲ့ရင် ဘယ်လိုများဆက်လုပ်မလဲ။
ကိုယ့်ရဲ့လိုအင်ဆန္ဒတွေ ပြင်းပြလွန်းရင် Universe ကဖြစ်စေ ကံကြမ္မာကဖြစ်စေ မျက်နှာသာ ပေးလေ့ရှိကြတယ်။ လူတစ်ယောက်ကို ချစ်ရလွန်းလို့ တစ်ကြိမ်တစ်ခါလောက်များ သူနဲ့နီးစပ်ဖို့ အခါခွင့်ရခဲ့မယ်ဆို ဘာလုပ်ကြမလဲ။
ဗီလိန်တိုင်းဟာလည်း အမြဲမုန်းဖို့ကောင်းမနေတဲ့အပြင် တစ်ခါတစ်ရံမှာ သနားဖို့၊ လေးစားဖို့၊ ချစ်ဖို့ ကောင်းနေတတ်ပြန်တယ်ဆိုတာ ဒီ Fic လေးက သက်သေပြနေလေရဲ့။ ဒီထဲက ဗီလိန်လေးရဲ့ အချစ်ကိုလည်း လေးစားမိပါရဲ့။
အပြင်လက်တွေ့မှာသာ တကယ်တွေ့နိုင်မယ်ဆို ဗီလိန်မကလို့ ဗန်ပိုင်းယားပဲ ဖြစ်ပါစေ အဲ့လိုလူမျိုးနဲ့ ဆယ်ကြိမ်ဆယ်ခါမက ဆုံချင်မိပါတယ်။
G Dragon ရဲ့ Fan ဖြစ်ခဲ့မယ်ဆို ဒီ Fic ဖတ်ဖို့ရာ တကယ်တိုက်တွန်းပါတယ်။ ဇာတ်လမ်း အများစုဟာ ကိုယ်အရမ်းကြိုက်တဲ့ ဆယ်လီတွေကို အစပိုင်းလောက်မှာသာ အလေးပေးဖော်ပြကြပေမယ့် နောက်ပိုင်းမှာတော့ လုံးဝမှ မပါသလောက်ပါပဲ။ အစမှ အဆုံးထိ GD ကို အမာခံအားပေးတဲ့ကောင်လေးကို အလိုလိုက်မှုကြီးတွေကို မြင်ရမှာပါ။
ကိုယ့်မှာသာ Cele Bias တစ်ယောက်လောက်ရှိမယ်ဆို ဒီလိုရည်းစားမျိုး လိုချင်မိလိမ့်မယ်လို့ ထင်တယ်။ အဲ့ဒါကြောင့် Read at your own risk လို့လည်း ပြောချင်ပါတယ်။ ဖတ်နေရင်း အဲ့လိုရည်းစားမျိုး လိုချင်မိခဲ့ရင် ကိုယ့်တာဝန်မဟုတ်ပါကြောင်း။
ဒီ fic ရဲ့ အဓိက သီချင်းကတော့ သုံ့ပန်း ပါပဲ။ ဖတ်ပြီးလို့ အတော်ကြာတဲ့အထိကို အဲ့သီချင်းပဲ နားထောင်နေမိတဲ့ ကိုယ့်အဖြစ်ပါ။
ကိုယ့် review အများစုဟာ ဇာတ်ကြောင်းကို သိပ်ပြောလေ့မရှိဘဲ အဲ့ fic ကို ဖတ်လိုက်လို့ ကိုယ်ဘယ်လိုခံစားမိတယ်ဆိုတာပဲ အများစုပြောဖြစ်ပါတယ်။ မဖတ်ရသေးခဲ့ရင် Spoil မလုပ်ချင်လို့ပါ။ ကိုယ်တိုင်ကလည်း ဇာတ်ကျောရိုးတစ်ခုလုံးကို spoil လုပ်ထားတဲ့ review တွေကို သိပ်ပြီး ဖတ်လေ့မရှိပါဘူး။ ကိုယ်တိုင် ကိုယ်ကျဖတ်ပြီး ကိုယ်တိုင် အပြည့်အဝခံစားချင်လို့ပါ။
ကိုယ်လုံးဝ မဖတ်တဲ့ ဇာတ်လမ်း 4 မျိုးရှိပါတယ်။
1. Cheat လုပ်တာ။
2. BL ဆိုပြီး မိန်းကလေးကို အဓိကအသားပေးရေးထားတာမျိုး။
3. ပိုင်းလုံး ဇာတ်လမ်းမျိုး။
4. SE
အပြင်လက်တွေ့လောကမှာလည်း ကိုယ်လက်မခံနိုင်တဲ့ အနေအထားမို့ အဲ့လိုမျိုးဆို Fic အနေနဲ့တောင်မှ မဖတ်ပါဘူး။ ကိုယ့် Review တွေမှာ အဲ့ဒီ အမျိုးစား ၄ မျိုးကို တွေ့ရမှာမဟုတ်လို့ ကိုယ်နဲ့ အကြိုက်တူတဲ့သူများ ရှိခဲ့ရင် ကိုယ့် Review ထဲက မဖတ်ရသေးတဲ့ Fic တွေကို စိတ်ချလက်ချ ဖတ်နိုင်ပါတယ်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. https://www.wattpad.com/story/271116077?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=AsMyMind&wp_originator=ziqFIxIUN5IHcRHQbdKUsvfmcz4ZUgEGf6ZV%2FXp4pwT%2BQ1fmyQYloJ5EaUTgCwS3f9Yfna93itR2PzbZImCe0mvxPynNNmpDEI7y7vvabDfZnw6SNink0%2FpvFMrLt9bN
21st September 2022

YOU ARE READING
My BL Fiction Reviews 1
General Fictionကိုယ့် reading list တွေထဲမှာ ထည့်ထားတဲ့ BL Fiction တွေက မကြာခဏဆိုသလို ပျောက်သွားတတ်တယ်။ ကိုယ်ဟာ social media လည်း သိပ်မသုံးတော့ fic တွေကို အလွယ်တကူ ပြန်မရှာနိုင်ဘူး။ ကိုယ့်ဘာသာ ပြန်ရှာလို့ရအောင်ရယ်၊ ကိုယ်ကြိုက်တဲ့ fic လေးတွေကို ကိုယ့်ဘာသာ review ရေ...