☕ [U]

1.4K 137 60
                                    

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့။

မိုးရေစက်ပေါက်ကြီးပေါက်ငယ်များက ရေပြင်ပေါ်သို့ တတောက်တောက်ကျလျက်ရှိပေသည်။ ညနေစောင်းခါနီးပြီမို့ မီးထိန်နေအောင်ထွန်းထားသော Torensluis တံတားပေါ်တွင်တော့ အမ်စတာဒမ်၏လေထုနှင့် မအပ်စပ်လှစွာ အသက်မပါသောမျက်ဝန်းများဖြင့် ဂျောင်ဝန်းတစ်ယောက်အဝေးကိုငေးကြည့်နေမိခဲ့သည်။

အိပ်ကပ်ထဲမှဖုန်းမြည်သံကြောင့် လက်ကိုထည့်လိုက်ရင်း ဘယ်နှခါမြောက်နှိပ်ခံရလဲပင်မသိသော ပါဝါခလုတ်ကို‌ နောက်တစ်ကြိမ်ထပ်မံနှိပ်လိုက်မိသည်။ စခရင်ပေါ်၌ ပေါ်နေခဲ့သည့်နာမည်က မစ္စယန်း ဟူသည့်ရိုးရိုးရှင်းရှင်းစကားလုံးသုံးလုံးသာဖြစ်လောက်မည်။
သို့သော် ဂျောင်ဝန်းက ထိုအဝင်ကောလ်ကိုဘယ်တော့မှကိုင်တော့မည်မဟုတ်သလို ကိုးရီးယားကိုလည်းဘယ်တော့မှခြေမချတော့ဘူးဆိုတာ ထိုအမျိုးသမီး သိမှသိပါလေစ။

"စိုကုန်ပြီပဲ"

အသားအရောင်ပင်မြင်နေရလောက်အောင် ကိုယ်လုံးဆီတွင်ကပ်နေသော ရှပ်အဖြူဆွတ်ဆွတ်ကိုကြည့်လိုက်ရင်း ဂျောင်ဝန်းရေရွတ်မိသည်။ မိုးရေထဲရပ်နေသည်မှာမည်မျှပင်ကြာပြီမသိ၊ လက်ဂေ့ခ်ျပေါ်တွင်အုပ်ထားခဲ့သော ပလတ်စတစ်ပေါ်တွင်ပင် ရေတွေအိုင်နေပြီဖြစ်သည်။
အနီရောင်ဆံနွယ်တို့မှာလည်း နဖူးပေါ်ဝဲကျမနေတော့ဘဲ အချောင်းလိုက်အချောင်းလိုက်ဖြင့် မလှမပရှိနေလျက်ရှိသည်။ ရှူးဖိနပ်ထဲလည်းရေတွေဝင်ကုန်တာမို့ ခြေအိတ်တို့ကစိုရွှဲနေလျက်၊ ဂျောင်ဝန်းတစ်ယောက် လမ်းလျှောက်ချင်စိတ်များပင်ကုန်သွားရသည်။

"ကြိုဆိုပါတယ်"

တံတားနှင့်အနီးစပ်ဆုံးမှာရှိတဲ့က‌ဖေးကိုဝင်မိတော့ ပထမဆုံးအနေဖြင့် ကော်ဖီနဲ့မွှေးမွှေးလေးက နှာခေါင်းဖျားကိုလာ၍ကလူကျီစယ်သည်။ ဆိုင်အတွင်း၌မီးဝါဝါတို့ကိုဝင်းထိန်နေအောင်ဖွင့်ထားသည့်အပြင် သီချင်းခပ်အေးအေးကလည်းပျံ့နှံ့နေသေးတာမို့ ဂျောင်ဝန်း၏သောကတစ်ဝက်ခန့်ပင်လျော့သွားသလို။

"အကုန်လုံးစိုရွှဲနေတာပဲ၊ အဆင်ပြေရဲ့လား၊ ဘာကူညီပေးရမလဲ?"

amsterdam : fell for ben • yanghoonTahanan ng mga kuwento. Tumuklas ngayon