"Hello မာမီ"
"သားရေ တံခါးလာဖွင့်ဦး"
"ဗျာ သားက ဘယ်တံခါးကိုဖွင့်ရမှာလဲ မာမီရဲ့"
မာမီတစ်ယောက် မနက်စောစောစီးစီးဘာတွေပြောနေတာပါလိမ့်။ နာရီကြည့်တော့လဲ အခုမှမနက် ၆နာရီကြီး ဒေါင်းကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတုန်း။ ဒေါင်းနိုးသွားမှာစိုးလို့ ဖုန်းကိုအပြင်ထွက်ပြောရအောင်လဲ ဒေါင်းက သက္ကရာဇ်မောင်ရဲ့ရင်ခွင်ထဲမှာ။
မြင်ယောင်သေးတယ်။ သူပဲလူကိုအတင်းတွေဖက်အိပ် ပြီးနိုးလာရင် အသားယူရကောင်းလားဆိုပြီး လူကို ကုတင်ပေါ်ကနေ မညာမတာကန်ချဦးမည်။
အင်း.....
"အိမ်တံခါးလာဖွင့်လို့ ! သက္ကရာဇ်မောင်ရဲ့"
"မာမီ မဟုတ်မှလွဲရော ဒီကိုရောက်နေတာလား"
"သက္ကရာဇ်မောင် စကားမများနဲ့ တံခါးလာဖွင့်လိုက်တော့ မာမီမောနေပြီနော်"
"အာ ဟုတ်ကဲ့ လာပြီဗျ"
မတတ်နိုင်ဘူး။ သက္ကရာဇ်မောင် ဒေါင်းမနိုးအောင်သာ အသာရုန်း၍ ကုတင်ပေါ်က ဖြေးဖြေးသာသာဆင်းကာ ခြေသံကိုဖွဖွလျှောက်လျှက် အိမ်အောက်သို့ဆင်းခဲ့တော့သည်။
အိမ်တံခါးလဲဖွင့်လိုက်ရော တကယ်ကို မာမီက အပေါက်ဝတည့်တည့်မှာ ရှိနေတာဖြစ်သည်။
"ကြာလိုက်တာ ဒါလေးခိုင်းတာကို"
"မာမီရယ် ဒေါင်းကအိပ်နေသေးတော့ သားမှာ ဖြေးဖြေးသာသာလုပ်နေရတာ ဒီလောက်တော့ကြာမှာပေါ့"
"ဟုတ်သားပဲ ငါ့သမက်လေး အိပ်နေဦးမှာပေါ့ အေ တိတ်တိတ်နေနော် သက္ကရာဇ်မောင်"
"မာမီကသာ တိတ်တိတ်နေရမှာ"
"ကဲ တော်ပြီ သွား ဒရိုင်ဘာနဲ့ အတူ မာမီ့ ပစ္စည်းတွေကူချ နေပါဦး ကောင်မလေးတွေရော ဘယ်ရောက်နေလဲ"
"ကောင်မလေးတွေ !"
"မာမီရေ တိတ်တိတ်နေပါဆို ဒေါင်းအိပ်နေတယ်လို့..."
"အော် ဟုတ်သားပဲ ဒါဆိုလဲ ထားတော့ သွားသွား ပြန်သွားအိပ်နေ ခဏနေမှ ဒေါင်းနဲ့အတူ ဆင်းခဲ့ကြ မာမီ ပစ္စည်းတွေချရင်း မနက်စာပြင်ထားပေးမယ်"
YOU ARE READING
ᴅᴀᴜɴɢ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.