"Strawberries & cigarettes always taste like you..."
ကျစ် !
မနက်စောစောစီးစီးဘယ်ကောင်လဲကွာ။ အခုမှ မနက်၇နာရီခွဲပဲရှိသေးတာ ဘယ်ကောင်ဖုန်းလာခေါ်နေတာလဲ။ ထို့သို့ဖြင့် သက္ကရာဇ်မောင်တစ်ယောက် ဖုန်းသံကြား၍ နိုးလာ၏။ အိပ်ရာဘေးက စားပွဲပေါ်တင်ထားတဲ့ သူ့ရဲ့ဖုန်းလေးကိုလှမ်းမယူခင် သက္ကရာဇ်မောင် သူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ဒေါင်းကို အရေးထဲ ငေးကောင်းနေသေးသည်။
အင်း....
ဟုတ်တယ် အိပ်အိပ်။ မောင့်အမျိုးသားဆိုတာ ဒီလိုပဲအမြဲအေးချမ်းနေရမယ်။ထို့နောက် သက္ကရာဇ်မောင် ဒေါင်းမနိုးအောင် နေရာရွှေ့လိုက်ပြီး အိပ်ရာမှမြန်မြန်ထကာ သူ့ရဲ့ဖုန်းကိုကောက်ကိုင်ကာ အခန်းအပြင်သို့ ဒေါင်းမနိုးအောင် ထွက်လာခဲ့သည်။
အော်...
မနက်စောစောစီးစီး ဘယ်ကောင်က ဖုန်းတဂွမ်ဂွမ်ဆက်နေလဲမှတ်တယ် ကျေးဇူးရှင် ကောင်းကင်ယံဆိုတဲ့အကောင်ကိုး။ ဘယ်တတ်နိုင်မလဲ ဖုန်းကိုင်ရုံပေါ့။ ကောင်းရောခန့်ရောက အမြဲလုပ်လိုက်ရင်အလန့်တကြား အခုလဲ မနက်စောစောစီးစီး ဘာဖြစ်ချင်နေပြန်ပြီမှန်းမသိ။
"အေး ကျေးဇူးရှင်ပြော"
"ဟျောင့် သက္ကရာဇ် ငါမင်းအိမ်အောက်ရောက်နေပြီ"
"ဘယ်လို....."
ဟ !
ဒီကောင်တော်တော်ဖြစ်နေတာပါလား။ ခန့်က ပြန်လာလို့ ပြောတော့ နေ့ချင်းညချင်းကိုရောက်ချလာသည်တဲ့။ အဲ့ဒီလောက်ချစ်နေကြရင်လဲ အစကတည်းက ပူးတွဲပြီးနေပါတော့လား။ အတူတူရှိနေတုန်းကတော့ ရန်ဖြစ်လို့ကိုမပြီးဘူး ဝေးသွားကြတဲ့အခါမှပဲ ချစ်တတ်နေလိုက်တာ။
ဟူး မောတယ်။ သက္ကရာဇ်မောင်တကယ်ကိုမောပါသည်။ ဒီတစ်ခါ ကောင်းကင် ပြန်လာတုန်း မထူးဘူး ခန့်နဲ့ကောင်းကိုဘယ်သူမှမပေးစားရင် သက္ကရာဇ်မောင်ကိုယ်တိုင်ပေးစားတော့မည်။ ဒီနှစ်ကောင်မြန်မြန်ညားမှပဲအေးမှာ။
"ဟျောင့် သက္ကရာဇ် တံခါးလာဖွင့်ဦးလို့"
"အော် အေးပါကွာ လာပြီလာပြီ"
YOU ARE READING
ᴅᴀᴜɴɢ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.