Final Part (u+z)

865 67 6
                                    

လွင့်.....🌧🦋 (Unicode)


🎵🎵🎵 ပြန်လာခဲ့တော့.....ငါတစ်ယောက်တည်းမို့ 🎵🎵🎵

🎵🎵🎵 အိမ်ပြင်မှာ မိုးများသည်းနေပြီ......🎵🎵🎵

🎵🎵🎵 ရင်မှာ ကြောက်ရွံ့အားငယ်နေလို့.....🎵🎵🎵

🎵🎵🎵 ဒီလိုအချိန် မိုးစက်များထဲမှာ🎵🎵🎵

🎵🎵🎵 မျှော်နေတယ် မင်းများရောက်လာမလား🎵🎵🎵

🎵🎵🎵 ငိုနေမယ် အခန်းရဲ့ထောင့်လေးမှာ🎵🎵🎵

🎵🎵🎵 ဒီလိုအချိန် ငါ့ရဲ့အလွမ်းတွေလည်း🎵🎵🎵

🎵🎵🎵 မိုးစက်များလို သည်း.....🎵🎵🎵

နီနီခင်ဇော်ရဲ့ မိုးစက်လေး သီချင်းသံက အိပ်ခန်းလေးထဲမှာ တိုးညှင်းစွာ ပျံ့လွင့်လို့နေသိတိုင် သီချင်းရဲ့ စာသားတွေက တို့ရဲ့နှလုံးသားတစ်ခုလုံးကို စုပ်​ချေ​နေသလိုပဲ ချာတိတ်ရေ ။ တို့ဆီအရောက်လာခဲ့ပါ့မယ်တဲ့ စောင့်နေခဲ့တာ....... ၊ တို့စောင့်နေခဲ့တာ တစ်နှစ်ရှိတော့မယ်ကွယ် ။ တို့ကို မိုးပြေးလေးနဲ့ တူတယ်လို့ပြောခဲ့တဲ့ ချာတိတ်က အခုတော့ မိုးပြေးလေးက မင်းလေးဖြစ်နေပြီဆိုတာ သိရဲ့လား ။ ကော်ဖီဆိုင်ကလေးကနေ စောင့်ခဲ့သလို မိုးစက်တွေကြားမှာလည်း ရှာဖွေခဲ့ပါသေးတယ် ချာတိတ်ရေ ။ တို့ကို တကယ်ကို မေ့သွားခဲ့ပြီလားကွာ... ၊ တို့ဆီက ချစ်အဖြေကို လာယူဖို့ မေ့နေခဲ့ပြီလား ......။ တို့ရွေးတဲ့လမ်း နောင်တကင်းပေမယ့် အချစ်နာကျနေတဲ့ အသည်းတစ်စုံကို သယ်ပိုးထားရတာ ပင်းပန်းလှတယ်ကွယ် ။ ကံကြမ္မာ ရက်စက်လိုက်ပုံများ တို့မှာ မင်းလေးကို အလွမ်းပြေ ပြန်ကြည့်ဖို့ ပုံလေးတစ်ပုံတောင် မရှိခဲ့ဘူးပဲ ။

တို့ရဲ့ နေ့စဥ်ဖြတ်သန်းမှုဟာ အလွမ်းတွေနဲ့သာပြည့်နက်လို့နေခဲ့တာပါလို့ပြောရင် ချာတိတ် ယုံပါ့မလား ။ တို့ကိုယ်တိုင် ထွက်သွားပေးဖို့ ငိုပြီးပြောခဲ့တဲ့နေ့ကစ၍ အခုထိတိုင် မျက်ရည်တွေက မဆဲနိုင်ဘူး ချာတိတ်ရယ် ။အခုလည်း တို့ ရင်ထဲက အလွမ်းထုထည်ကြီး လျော့ကျလေမလားဆိုတဲ့ အတွေးနဲ့ တို့ ချစ်ရတဲ့ ချာတိတ်ကို ပြောပြချင်တဲ့ စကားလုံးတွေကို စာအုပ်လေးထဲ ထည့်သိမ်းနေမိတယ် ။ ဟင်းးးးးးး...... အချည်းနည်းပါပဲ ။ လွမ်းတယ်ကွယ်............

လွင့်....🌧🦋 (Completed) Où les histoires vivent. Découvrez maintenant