part 6

20.7K 1.4K 10
                                    

တစ်ချက်ချက်မြည်နေတဲ့ နံရံကပ်နာရီလက်တံရွှေလျားအသံ၊ တိတ်ဆိတ်မှောင်ရိပ်ကျ၍ လရဲ့အလင်းရောင်ပြပြလေးသာကျရောက်တဲ့အခန်းထဲတွင် လူတစ်ယောက်က ကုတင်ပေါ်မှာလှဲနေ၍ သူအိပ်ပျော်နေတာလား မေ့နေတာလားတော့ သူကိုယ်တိုင်သာအသိဆုံးဖြစ်လိမ့်မည်။

ထိုအခန်းရဲ့ထောင့်တစ်နေရာ လှုပ်ရှားနေတဲ့ထိုင်ခုံတစ်လုံးပေါ်မှာတော့ ဝိစကီတစ်ခွက်အဖော်ပြု၍  တပ်မက်မှုများစွာဖြင့် လူတစ်ယောက်က ကုတင်ပေါ်ငြိမ်သက်နေတဲ့လူကို မျက်တောင်မခက်စိုက်၍သာကြည့်နေသည်။

ကျားရဲတစ်ကောင်က သူ့ရဲ့သားကောင်ကိုကြည့်နေသည့်အကြည့်မျိုးတွေဖြင့်။

ဓာတ်ပြားကလာနေတဲ့အသံတိုးတိုးက ညအမှောင်နဲ့လိုက်ဖက်စွာ။ ဝိစကီခွက်နဲ့ရေခဲတို့ရဲ့ထိခက်အသံတွေဟာလည်း ထိုအချိန်မှာတော့ ညရဲ့တိတ်ဆိတ်မှုကြောင့် ပို၍ကျယ်လောင်စွာကြားနေရသည်။

တစ်ဖြည်းဖြည်းလွန့်လူးလာတဲ့ ကုတင်ပေါ်ကလူသားလေးဟာ သတိပြန်၍ရရှိလာသည်။ သို့ပေမဲ့အခန်းထဲရှိ အခြားတစ်ယောက်ကိုတော့သူသတိမထားမိခဲ့ပေ။

အမှောင်ယံကိုအံတု၍ သူ မကျွမ်းဝင်တဲ့ပတ်ဝန်းကျင်ကိုလေ့လာဖို့ စမ်းတဝါးဝါးအကဲစမ်းနေခဲ့သည်။

ဝိစကီခွက်ကိုကိုင်ထားလျက် လှုပ်ရှားနေတဲ့ခုံပေါ်မှာထိုင်နေတဲ့ အမျိုးသားကတော့ သူ့ကိုသာစိုက်ကြည့်နေ၍ နှုတ်ခမ်းအစွန်းနှစ်ဖက်က ကော့ညွှတ်စွာပေါ့

တစ်ဖြည်းဖြည်းသူရှိရာ နေရာနားကိုရောက်လာတော့မယ် ဒီသားကောင်လေးကိုကြိုဆိုဖို့ အသင့်ရှိနေခဲ့သသည်။

တစ်ဆစ်ဆစ်နာကျင်နေတဲ့ကိုယ်ဖြင့် ရှင်နှောင်းငယ်နိုးထလာတော့ မဲမှောင်နေတဲ့အခန်းတစ်ခုလို့သာသိလိုက်ရ၍ အခြားဘာကိုမှမသိရှိခဲ့ မူးနောက်နေတဲ့ခေါင်းကိုဖိကိုင်၍ နိုင်ငံခြားသီးချင်းသံသဲ့သဲ့ကြားရာနေရာဆီသို့ အမှောင်ထဲတစ်ဖြည်းဖြည်းစမ်းတဝါးဝါးဖြင့် သွားလိုက်သည်။ တစ်ခုခုသိလို့သိရလို့ငှားပေါ့

အသံနဲ့နီးရာကိုရောက်တော့ အရက်အနံနဲ့အတူ အသက်ရှူသံပြင်းပြင်းကိုပါ ခံစားမိလာသည်။ အလိုလိုအန္တာယ်ကိုခံစားမိတဲ့စိတ်ကြောင့် အနောက်ကိုပြန်လှည့်တော့ ကြွက်သားအပြည့်ဖြင့်အားသန်လွန်းတဲ့ လက်တစ်စုံက အားနဲ့ဆွဲယူလိုက်တော့သည်။

 မောင့်ကိုချစ်ပါWhere stories live. Discover now