part 12

19.3K 1.3K 36
                                    

သူနှစ်ကိုယ် တစ်ယောက်လက်ကိုလက်ဆွဲ၍ထွက်လာခဲ့ပေမဲ့ ပိုင်ဆိုင်မှုဆိုလို့ သူ့မှာကိုယ်သာရှိသလို့ ကိုယ်မှာလည်းသူသာရှိသည်။ အပိုအနေနဲ့ကတော့ ငွေငါးရာနဲ့လက်စွပ်လေးတစ်ကွင်း

အဝတ်အစားဆိုတာနှောင်းအတွက်သာရှိပြီး မင်းအက္ခရာမောင်ကတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုအနေဖြင့်သာ

လမ်းတစ်ဝက်ကငှားစီးလာခဲ့တဲ့ တရွေ့ရွေ့မောင်းနှင်းနေတဲ့ မြင်းလှည်းလေးဟာလည်းဘယ်အရပ်ဘယ်စီ ဦးတည်၍မောင်းနှင်းနေမှန်း ရှင်နှောင်းငယ်မသိ။ ဒါပေမဲ့သူ့ဘေးနားက သူ့လက်ကိုအားကိုချင်စရာကောင်းအောင်နွေးထွေးစွာဆုပ်ကိုင်ထားတဲ့ အမျိုးကောင်းသားလေးကို အပြည့်အဝယုံကြည့်စွာ သူခေါ်ရာနောက် နှောင်းလိုက်ခဲ့သည်။

မင်းအက္ခရာမောင်တစ်ယောက်ဟာလည်း အတွေးများနေခဲ့သည်။ သူ့ဟာအခုမှအသက် ၁၈ပြည့်တဲ့ကောင်ငယ်လေးတစ်ယောက် ၊ ကျောင်းတောင်မပြီးသေးပေ။ မွေးထဲကပြည့်ပြည့်စုံစုံနေထိုင်ခဲ့သူ အလုပ်ဟူ၍ စာကျက်ရုံမှအပအခြားမည်မျှမလုပ်ဖူးခဲ့ပေ။ သူလုပ်ခဲ့ဖူးတဲ့အလုပ်တွေဟာလည်း အစိုးရအလုပ်တွေဖြစ်၏။ ဖခင်က ဝတ်လုံတော်ရမင်း ဖြစ်သည့်အလျောက်ဖခင်ခြေရာနင်းရန် အစထဲကပြင်ဆင်ခဲ့တာဖြစ်သည်။

သူ့အိပ်ကပ်ထဲငွေငါးရာဟာ မင်းအက္ခရာမောင်အတွက် ဘာမှအရေးမပါတဲ့ပမာဏဖြစ်သည်။ သူ့တစ်နေ့အသုံးစရိတ်က တစ်နေ့ထောင်ကျော်နေနိုင်သည်။ ရွှေတစ်ပိဿမှ ငွေလေးရာသာရှိပြီး သူရဲ့အသုံးစရိတ်တွေက အခြေခံလူတန်းစားတွေအတွက်ကတော့ သုံးလေးငါးလမကတဲ့လုပ်ခနဲ့ညီသည်။ အခုသူလည်း အခြေခံလူတန်းစားတစ်ယောက်ဖြစ်ခဲ့လေပြီ သူတွေးရင်းတစ်ခုခုကိုစိုးထိတ်လာမိလေသည်။

မင်းအက္ခရာမောင်ရဲ့စိုးထိတ်မှုရဲ့ အဓိကဟာ နှောင်းရဲ့အပေါ်သူပြည့်စုံစွာထားနိုင်ပါမလားဆိုသည့်စိုးထိတ်မှုဖြစ်သည်။ သူ့အတွက်ဒုက္ခတွေဘယ်လို ရင်စည်းခံရခံရ သူကြံကြံခံနိုင်ပေမဲ့ သူလေးအပေါ်မှာတော့သုခတွေသာရှိစေချင်သည်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ယောကျာ်းပါနှောင်း ခင်ဗျားနဲ့တစ်အိုးတစ်အိမ်ထူထောင်တော့မည်ဆိုထဲက ကျွန်တော်အတက်နိုင်ဆုံးနှောင်းကိုပျော်ရွှင်အောင်ထားမှာပါ။ ကျွန်တော်နောက်လိုက်လာပြီး ဘာဒုက္ခမှမရှိရလေအောင်လည်း အစွမ်းကုန်ကြိုးစားမှာပါ။

 မောင့်ကိုချစ်ပါWhere stories live. Discover now